Part-14

1.2K 24 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၄)

"...ဒီမယ် ကိုကို ကိုကိုပြောတဲ့မာယာများတဲ့မိန်းမ၊မျက်နှာများတဲ့မိန်းမက ကိုကိုသူငယ်ချင်းကိုလည်းခတ္တာ့ဘက်ပါအောင်လုပ်ပြီးဟော့ဒီဘက်က ကိုကိုကိုလည်းပါလာအောင်လုပ်ပြမယ်.."

သူ့ရင်ဘတ်ကိုလက်ညှိုးလေးနဲ့လာတို့ပြီးပြောနေတဲ့ခတ္တာကြောင့် လက်ညှိုးရောလူရောပါဆွဲဖက်လိုက်ပြီး

"..ငါ့မှာကျော့တစ်ယောက်လုံးရှိတယ် အဲ့တော့မင်းဘက်ကိုပါလာမှာကိုမဟုတ်ဘူး ငါ့ချစ်တာကျော့ပဲ ကျော့ကလွဲ ပြီးဘယ်သူ့ကိုမှမချစ်ဘူး.."

ကိုကိုပြောတဲ့စကားတွေကြောင့်ငိုချင်ပေမဲ့ထိန်းထားလျက်စကားဆက်ပြောနေသည်

"...ကိုကိုမုန်းနေတဲ့မိန်းမက ကိုကိုအချစ်ကိုရအောင်ကိုယူပြမယ် ကိုကို.."

ပြောရင်းခတ္တာလည်းအနီးကပ်မြင်နေရတဲ့ကိုကို့နှုတ်ခမ်းနီညိုရောင်တွေကိုလှမ်းနမ်းလိုက်သည်

"..အွန့်...  ခတ္တာ.. မင်း .."

အာဏာစကားမဆုံးလိုက်ပေခတ္တာကနမ်းလာတာကြောင့်ကြောင်မိသွားသည်ဒီမိန်းမတော့

လူကသာမုန်းဖို့ကောင်းတာနှုတ်ခမ်းလေးတော့ချိုမြနေပါလားအာဏာသတိလက်လွတ်နမ်းမိနေခတ္တာက ခွာပြီး

"..ခတ္တာရဲ့ပထမဆုံးအနမ်းကိုရတဲ့ကိုကိုဟာ ခတ္တာအလိုချင်ဆုံးလူပဲ မှတ်ထားကိုကို ကိုကိုကြိုက်သလောက်မုန်း ကိုကိုအချစ်ကိုရအောင်ယူပြမယ်.."

ပြောပြီးအခန်းထဲဝင်သွားတဲ့ခတ္တာအားကြည့်ပြီးအာဏာရန်ပြန်မတွေ့နိုင်ပေ သူ့ခမျာ အိမ်ထိလာပြီးရန်တွေ့ခါမှ အနမ်းခံလိုက်ရသည်တဲ့လား

လက်ရဲဇက်ရဲမိန်းကလေးပါလား အားပါးပါး

"..မင်းတော့မှားပြီခတ္တာ ငါအချစ်ကိုမင်းဘယ်တော့မှရမှာမဟုတ်ဘူး.."

ပြောရင်းအခန်းထဲ ပြန်ဝင်လာလိုက်သည်မနက်လိုက်လည်ဖို့ကျော့အားပြောရအုန်းမည်မဟုတ်လား

သကြင်္န် အကြတ်နေ့

လိုက်လည်ဖို့လူစုံနေပြီပေမဲ့ခတ္တာတစ်ယောက်ကျန်နေသေးတာ​ကြောင့်တစ်ဖွဲ့လုံးစောင့်နေကြရင်း​ကျော့စိတ်မရှည်လာတာကြောင့်

တစ်ကျော့ပြန်(Completed)Where stories live. Discover now