Part-26

1.4K 25 0
                                    

{တစ်ကျော့ပြန်}

အပိုင်း (၂၆)

ရန်ကုန်ပြ​ည်သူ့ဆေးရုံကြီးရှေ့၌ကားတစ်စိီးထိုးရပ်သည်နှင့်တစ်ပြိုင်နက်ကားအတွင်းထဲမှာအမျိုးသမီးနှစ်ယောက်ကိုတစ်ပြိုင်ထဲတွေ့ရလိမ့်မည်




ခတ္တာလည်းဆေးရုံရောက်သည်နှင့်မေမေဘေးမှာကပ်၍ပြေးလိုက်လာသည်



ဦးကျော်နိုင်ကတော့ဆရာဝန်ကြီးမို့Doctor များနဲ့Nurseများအားအကုန်အော်ခေါ်တော့သည်




"ရှိတဲ့NurseတွေDoctorတွေအခန်းအမြန်ပြင်ထား မြန်မြန်လုပ်ကြ"




ဆေးရုံအတွင်းကNurse၊Doctorတွေဟာလည်းအကုန်ပျာယာခတ်ကုန်ကြ၍တောပြေးတောင်ပြေးနှင့်ဖြစ်ကုန်သည်




ဦးကျော်နိုင်ဟာအထူးကုဆရာဝန်ကြီးဖြစ်သလိုဆေးရုံရဲ့ဒုတိယအများဆုံးရှယ်ယာဝင်လည်းဖြစ်တာကြောင့်သြဇာညောင်းသည်လို့ပြောရမည်




ခတ္တာမေမေနဲ့ညီမလေးတို့ကိုကြည့်ရင်းရင်ထဲဘယ်လိုမှမခံစားနိုင်သူမသာဖြစ်လိုက်ချင်ပါသည်



"မေမေ၊ ငယ်လေး အားတင်းထားနော်ဆေးရုံရောက်နေပြီသိလား ခတ္တာ  ခတ္တာရအောင်ကုမယ် နော် အား..တင်း..ထား..ပါ..အုန်း"



ပြောရင်းခတ္တာအသံဟာတိမ်ဝင်သွားရသည်မျက်ရည်တွေဟာလည်းအဆက်မပြတ်ကျနေလျက်အမြင်တွေပါဝေဝါးလာရသည်မို့လက်ဖမို့နှင့်ဖိသုတ်လိုက်သည်



ဦးကျော်နိုင်လည်းအရေးပေါ်အခန်းရှေ့ရောက်ပြီမို့သမီးဖြစ်သူအားနေခဲ့ရန်ပြောလိုက်သည်




"သမီး ဒီမှာနေခဲ့နော် ဖေဖေဝင်သွားမယ် ဖေဖေမရရအောင်သမီးမေမေနဲ့ညီမလေးကိုကယ်မယ် ဖေဖေကတိပေးတယ်"



"ဟုတ်ကဲ့ဖေဖေ"



ဒေါ်ခက်ခက်နှင့်သစ္စာငယ်ဦးတို့ကအရေးပေါ်အခန်းထဲရောက်နေနှင့်ပြီမို့ဦးကျော်နိုင်လည်းဝင်သွားလိုက်သည်




ခတ္တာအခန်းရှေ့၌အခေါက်ပေါင်းများစွာဖြတ်လျှောက်နေလျက်ဆုတောင်းနေမိသည်



တစ်ကျော့ပြန်(Completed)Where stories live. Discover now