Part-15

1.4K 24 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၅)

သကြင်္န်ရက်ကျန်သေးပေမဲ့အာဏာတစ်ယောက်တော့မသွားနိုင်မဆော့နိုင်တော့ပေ

ဖေဖေ့ဆီအလုပ်ဝင်ရ​တော့မည်ဖြစ်တာ​ကြောင့်ဖေဖေနဲ့အတူထွက်လာခဲ့တော့သည်

အာဏာကCompanyပဲဦးစီးမည်လို့ပြောတာကြောင့်ဖေဖေနဲ့မေမေက အာဏာစိတ်ကြိုက်လုပ်ခွင့်ပေးထားသည်

ထို့ကြောင့်SA Companyကိုသဘက်ခါဖွင့်ပဲလုပ်မှာမို့ခုနေ့ထဲက လိုအပ်တာတွေသွားပြင်ဆင်ထားရမှာဖြစ်သည်

"...သား ပြီးရင်ဖေဖေတို့သွားကြမယ် လုပ်စရာတွေများတယ်.."

အာဏာလည်းဖေဖေ့စကားကြောင့်ခေါင်းငြိမ့်ပြလိုက်ပြီး

"...ဟုတ်ကဲ့ ပြီးပြီဖေဖေ သွားကြတာပေါ့.."

ထို့နောက်ကားလေးဟာလည်းခြံဝင်းထဲမှထွက်သွားတော့သည်

တစ်ဖက်ကခတ္တာတို့အိမ်မှာတော့ဖြင့်တစ်အိမ်သားလုံးယောက်ယပ်ခပ်နေကြသည်

"...သမီးငယ် သမီးဖေဖေကိုခုပြန်လာခဲ့လို့ဖုန်းဆက် မမနေမကောင်းဘူးလို့.."

ဒေါ်ခက်ခက်ဆိုင်သွားခါနီးခတ္တာကိုသွားနှိုးတော့ကိုယ်တွေပူနေတာကြောင့်ပြာယာခပ်သွားရသည်

သစ္စာလည်းမေမေ့စကားကြောင့်ဖေဖေ့ဆီကိုဖုန်းခေါ်လိုက်တော့သည်

"...တီး...တီး...တီး....."

ဦးကျော်နိုင်တစ်ယောက် လူနာရှင်များနဲ့စကားပြောနေစဥ်ဖုန်းဝင်လာတာကြောင့်

"...ခဏ အမတို့ဖုန်းလာလို့ ကျွန်တော်ခဏသွားပြောလိုက်အုန်းမယ်.."

"....ဟယ်လို သစ္စာလေး ဘာဖြစ်လို့လဲသမီး.."

သစ္စာဖေဖေ ဖုန်းကိုင်လိုက်တာနဲ့ငိုသံပါကြီးနဲ့ဖေဖေအား

"...ဖေဖေ မမလေ နေမကောင်းဘူး ကိုယ်တွေအရမ်းပူနေတယ် အဲ့တာဖေဖေပြန်လာခဲ့ပါအုန်း.."

ဦးကျော်နိုင်လည်းသမီးငယ်စကားကြောင့်အထိတ်ထိတ်အလန့်လန့်ဖြင့်

"...ဖေဖေခုလာခဲ့မယ်သမီး ခဏပဲစောင့်.."

ထို့နောက်လူနာရှင်တွေအားအကျိုးအကြောင်းပြောပြ ပြီးအိမ်သို့အမြန်ပြန်လာခဲ့တော့သည်

တစ်ကျော့ပြန်(Completed)जहाँ कहानियाँ रहती हैं। अभी खोजें