Part-13

1.4K 31 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၃)

သကြင်္န်အကြနေ့

ခတ္တာရယ်ရီရီနှင့်အတူကိုကိုတို့သူငယ်ချင်းတစ်စုအိမ်ရှေ့မဏ္ဍပ်အတွင်း၌သကြင်္န်ရာသီစာ(မြန်မာ့အစားအစာ)တစ်ခုဖြစ်တဲ့ မုန့်လုံးရေပေါ်လုံးနေကြသည်
ထိုအချိန်ဟိုဘက်မှာမုန့်ပြုတ် အုန်းသီးခြစ်နေတဲ့မေမေတို့ကခတ္တာတို့ကိုလှမ်းခေါ်တော့သည်

"...ခတ္တာရေ မုန့်လုံးတာမပြီးတော့ဘူးလား ဒီမှာပြုတ်စရာမကျန်တော့ဘူး မြန်မြန်လုပ်ကြ.."

မေမေ့စကားကြောင့်ခတ္တာတို့အဖွဲ့စကားပြောနေတာရပ်ပြီးမုန့်တွေမြန်မြန်လုံးပြီးရတဲ့ဟာသွားပြေးပို့လိုက်သည်

"...ဒီမှာရပြီနော်မေမေ.."

မေမေကိုမုန့်ဗန်းပေးထားခဲ့ပြီးရီရီနားပြန်လာခဲ့​ေတာ့သည် ထို့ချိန် ရီရီမှ

"...ခတ္တာ မဟာနဲ့အခြေအနေဘယ်လိုလဲ.."

"...ဘာကိုလဲရီရီရဲ့ မဟာနဲ့ကရိုးရိုးသားသားသူငယ်ချင်းပါဟယ်.."

"..ဟုတ်လို့လားဟိုကနင့်ကိုကြွေနေတာ ငါရောကီနို၊ခရုစိုတို့ပါအကုန်သိတယ်.."

အာဏာ တစ်ယောက်ရီရီစကားကြောင့်လုံးနေတဲ့မုန့်ကိုရပ်ထားလိုက်ပြီး

"...ရီရီ နင်လည်းမဟာကိုသိတယ်ပေါ့.."

"..သိတယ်လေ ငါတို့ဂျပန်မှာကျောင်းတက်ထဲကသိလာတာ မဟာကအရမ်းချောတာနော် ေကျာင်းတုန်းကဆိုဂျပန်မှာပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး အဲ့တာကခတ္တာကိုချစ်နေတာတစ်ပိုင်းကိုသေလို့.."

"...ရီရီ သူများတွေရှေ့လျှောက်မပြောနဲ့လေ.."

ရီရီကသူ့ကိုပြောပြနေတာကိုအဖြစ်သည်းနေတဲ့ခတ္တာကိုကြည့်ပြီးစိတ်တိုနေမိသည်
သူ့ကိုကြိုက်နေတဲ့လူနဲ့တောင်ပုံတွဲရိုက်နေသေးတယ်ပေါ့လေ

"...ဟာ ဟေ့ဟျောင် ဟိုးမှာဘယ်သူလာနေလဲလို့ကြည့်စမ်း မင်းတော့သွားပြီ.."

ညီထွဋ်ပြောလို့မဏ္ဍပ်အပြင်ကိုလှမ်းကြည့်နေတော့ သူတွေ့လိုက်ရတာက

တစ်ကျော့ပြန်(Completed)Where stories live. Discover now