Part-32

3.5K 63 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၃၂)

အာဏာတစ်ယောက်ခတ္တာအနားနေနေရင်းအသေးစိတ်လိုက်ကြည့်နေမိသည် ဘာမှပြောင်းလဲခြင်းမရှိပေမဲ့ အကြည့်တွေဟုတ်တယ်အကြည့်တွေကတော့သြဇာအာဏာအပြည့်ပါတဲ့အကြည့်မျိုး





ဟင် အမှတ်အထင် ကျောလည်ကိုအကြည့်ရောက်သွားခိုက် တံထွေးတစ်ချက်မြိုချလိုက်သည် ဖြူဖွေးသွယ်လျနေတဲ့ကျောပေါ်မှာဖီးနစ်ငှက်ပုံအသေးလေးထိုးထားတာဟာမီးရောင်ထဲတစ်ကယ့်ငှက်အတိုင်းပင်






အသားနာမှာကြောက်တဲ့ကလေးမက ခုတော့tattooတွေထိုးလာလို့ပါလား ပြောင်းလဲသွားလိုက်တာကလေးငယ်ရယ်





ခတ္တာသူမအနား ဦးမြတ်မင်းမဟာနဲ့ဦးမျိုးသန့်တို့အပြင်တစ်ခြားစီးပွားရေးသမားတွေစုပြုံနေစဥ် ကီနိုတစ်ယောက်ပြေးလာတာကိုတွေ့ရလေသည်






"မမလေး မမလေး"





"ဘာလဲ ကီနို ရေးကြီးသုတ်ပြာ"






"မမလေးလက်အောက်Brandတစ်ခုဖြစ်တဲ့KN Brand အဆောက်အဦးကိုမီးရှို့ဖို့ကြိုးစားတဲ့လူကိုဒီပွဲထဲ ကျွန်တော်တွေ့လာတယ်"





"ဘာ ဘယ်သူလဲ ငါ့ကိုပြစမ်း"





ဟုတ်ပါသည် ခတ္တာဂျပန်မှာနေခဲ့စဥ်က သူမBrandတစ်ခုကိုမီးရှို့ဖို့ကြိုးစားတဲ့လူရှိခဲ့သည် ပတ်ဝန်းကျင်ကြောင့်သာမီးမလောင်သွားရတာ ထိုလူကတော့လွတ်သွားတာ ခုထိပင်





အာဏာလည်းခတ္တာအနောက်ကနေတစ်ဖဝါးမှမခွာလိုက်လာခဲ့သည်သူ့အမျိုးသမီးလေးကိုသူအထိခိုက်ထပ်မခံနိုင်တော့ပါ






ခတ္တာလည်းကီနိုခေါ်ရာနောက်လိုက်လာတော့ စင်အနောက်ဘက်မှာကြိုးတုပ်ခံထားရတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရလေသည်





"ပြောစမ်း နင့်ကိုဘယ်သူခိုင်းတာလဲဟမ်း"




ခတ္တာထိုလူရဲ့ခြေထောက်ကိုသူမဒေါက်ဖိနပ်နဲ့တက်နင်းရင်းဆံပင်အားဆောင့်ဆွဲလိုက်ပြီးတစ်ခွန်းချင်းမေးနေသည်






တစ်ကျော့ပြန်Where stories live. Discover now