Part-11

1.4K 31 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၁)

မနက်လင်းပြီဆိုတာနဲ့ခတ္တာနဲ့မဟာ၊ကီနို၊ခရုစိုတို့အပြင်ခတ္တာBodyguardတစ်သိုက်နဲ့အတူကုမ္ပဏီသို့ထွက်လာခဲ့သည်

ကီနိုနဲ့ခရုစို ​ကပြား ၂ယောက်ကတော့ခတ္တာ့ဘယ်လက်ရုံးနဲ့ညာလက်ရုံးနှစ်ယောက်ပင်
ခန့်မဟာကတော့ခတ္တာလိုကုမ္ပဏီတွေများစွာပိုင်ဆိုင်တဲ့မြန်မာပြည်ဖွားတစ်ယောက်ပင်

ဂျပန်နိုင်ငံမှာဒိတ်ဒိတ်ကြဲမြန်မာစီးပွားရေးလုပ်ငန်းရှင်တွေပြပါဆို ခတ္တာနှင့်မဟာပင်

ကျောင်းတက်ထဲကခင်လာကြတဲ့လူတွေမို့သံယောဇဥ်ကတော့မနည်းပေ

ခတ္တာတို့ကား ခတ္တာရဲ့အကြီးဆုံးKT Companyရှေ့ရောက်တာနဲ့Bodyguardတွေကနောက်ကားကနေဆင်းလာပြီးတံခါးလာဖွင့်ပေးသည်

ခတ္တာဆင်းလာတော့တွေ့တော့ဝန်ထမ်းတွေအားလုံးကအလေးပြုလာကြသည်ထို့နောက်

"...CEOကအရမ်းမိုက်လိုက်တာနော် ရုပ်လေးကလည်းချော ငယ်ငယ်လေးနဲ့သူများနိုင်ငံမှာဒိတ်ဒိတ်ကြဲအောင်မြင်ချမ်းသာနေတာ..."

ခတ္တာနောက်ပါးကမြန်မာလေး၂ယောက်ပြောနေတဲ့စကားကပြုံးလိုက်သည် Companyမှာမြန်မာလူမျိုးပြပါဆိုခုဏကမိန်းကလေး၂ယောက်ပဲရှိသည်ကျန်တာကတစ်ခြားနိုင်ငံခြားသားများပင် ရှယ်ယာရှင်အချိူ့ကတော့မြန်မာပြည်သားတစ်ဝက်လောက်ရှိသည်

ခတ္တာလည်းMettingခန်းထဲရောက်တော့ ရှယ်ယာရှင်တွေကထပြီးအလေးပြုတော့ခတ္တာလက်ထောင်ပြလိုက်တော့ပြန်ထိုင်သွားကြသည်
ခတ္တာလည်းထိုင်ခုံပေါ်ရောက်တာနဲ့

"...Alex ..ရှယ်ယာရှင်တွေကြားစိတ်ဝမ်းကွဲမှုတစ်ခုဖြစ်နေတယ်.."

ခတ္တာလည်းရှယ်ယာရှင်တစ်ယောက်စကား​ကြောင့်ဆက်ပြောဆိုတဲ့အထာနဲ့မေးငေါ့ပြလိုက်တော့

"...MT Companyကရှယ်ယာရှင်တွေကိုကမ်းလှမ်းလာတယ် သူတို့ဘက်က သူတို့ဆီရှယ်ယာဝင်ရင်50%အကျိုးအမြတ်ခံစားခွင့်ရမယ်တဲ့.."

"... မဟာ ..MT Companyဆိုတာဦးမျိုးသန့်ပိုင်တာမဟုတ်လား.."

ခတ္တာမေးတော့မဟာကဖိုင်တစ်ချို့ယူပြီးပြလာတော့ခတ္တာယူကြည့်လိုက်သည်

တစ်ကျော့ပြန်(Completed)Where stories live. Discover now