Part-30

1.8K 34 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၃၀)

(၆နှစ်ခန့်ကြာပြီးသောအခါ)

ရက်တွေ၊လတွေ၊နှစ်တွေအလီလီပြောင်းလဲသွားခဲပေမဲ့အဆက်သွယ်လေးတောင်တစ်ခါမှမလုပ်ခဲ့သေးတဲ့ခတ္တာတစ်ခါမှအဆက်သွယ်မလုပ်ခဲ့တာမဟုတ်ပါဘူး အဆက်သွယ်ကိုတစ်ခါမှမလာခဲ့တာဟာခုချိန်ထိပင်


ဆောင်းလေအေးစိမ့်စမ့်တိုက်နေတဲ့အချိန်စီးကရက်တစ်လိပ်လက်ကြားထဲညှပ်ပြီး ဝရံတာကနေတစ်ဖက်အိမ်ကမီးလင်းနေတာကိုအာဏာစိုက်ကြည့်နေသည်



မီးလင်းနေရခြင်းဟာ ခတ္တာမိဘတွေလွန်ခဲ့တဲ့၃နှစ်ထဲက ပြန်ရောက်နေခြင်းကြောင့်ဖြစ်သည် မေမေ့ဆီကနေ အန်တီခက်တို့ပြန်လာပြီဆိုတဲ့သတင်းကြားကြားချင်းCompanyမှာအရေးကြီးတဲ့ပရောဂျက်ကိုလက်လွှတ်ခံ ပြီး သူရနဲ့အတူပြေးလာခဲ့ပေမဲ့ ခတ္တာပြန်မလာဘူးဆိုတဲ့စကားလေးတစ်ခွန်းနဲ့တင် သူရဲ့မျှော်လင့်ချက်အိမ်မက်လေးတွေပျောက်ရှကုန်ရသည်



ခတ္တာနဲ့ဂျပန်သွားပြီဆိုတဲ့နောက်နေ့ပင် အာဏာကျော့သီရိခိုင်နှင့်စေ့စပ်ပွဲအားဖျက်သိမ်းပြီးနောက်ပတ်သတ်စရာအကြောင်းမရှိကြောင်းပြောခဲ့သည် ဒါတောင်ကျော့ကလက်မခံခဲ့ပေ ခုထိလိုက်ကပ်တွယ်နေဆဲပင်




အာဏာလည်းစီးကရက်အားပါးနှစ်ဖက်ခွက်ဝင်နေတဲ့အထိရှိုက်သွင်းလိုက်ပြီး လေစိမ်းတွေဘက်မှုတ်ထုတ်လိုက်ပြီးခတ္တာအခန်းဘက်ကြည့်လျက်မျက်ရည်တွေဝဲလာရသည်





"မင်းသိလား ခတ္တာ ကိုကိုလေ မင်းကိုသိပ်လွမ်းတယ်ကလေးငယ်  ခတ္တာနဲ့တူတူညတိုင်းစကားပြောခဲ့ဖူးတဲ့နေရာလေးတွေ ခတ္တာနဲ့တူတူသွားဖူးတဲ့ညစျေးတန်းလေး၊ခတ္တာနဲ့တူတူနေဝင်ချိန်ကြည့်ခဲ့တဲ့နေကြာခင်းလေး၊ခတ္တာကိုကိုနားရှိနေတဲ့အခိုက်အတန့်လေးတွေအကုန်ကိုကိုလွမ်းတယ် "




"စိမ်းကားသွားလိုက်တာများခတ္တာရယ်အဆက်အသွယ်မလုပ်တာဒီနေ့ဆို (၆)နှစ်တောင်ပြည့်ခဲ့ပြီကလေးငယ်ရယ် ကိုကိုကိုယ်အဲ့လောက်တောင်မုန်းနေပြီလား"



တစ်ကျော့ပြန်(Completed)Where stories live. Discover now