Part-18

1.2K 22 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၈)

ထမင်းစားသောက်ပြီးနောက်ကိုယ်စီအလုပ်ပြန်ဝင်ခဲ့ကြသည်

"...ကိုကို.."

"..ပြောလေ.."

အာဏာတစ်ယောက်အလုပ်လုပ်နေရင်းလှမ်းထူးရင်းခတ္တာအားကြည့်လိုက်လေသည်

ခတ္တာ ကိုကိုက လှည့်ကြည့်လာတာမို့ပါးချိုင့်လေးတွေနစ်နေတဲ့အထိပြုံးပြရင်း

"...ချစ်တယ်ကိုကို.."

"..ဟာ...လှလိုက်တဲ့ပါးချိုင့်လေး..
အာဏာစိတ်ထဲကနေပြောလိုက်မိပေမဲ့

"..မင်းဘာဖြစ်နေတာလဲခတ္တာ.."

"..ကိုကိုကိုယ့်အရမ်းချစ်မိနေတာ.."

"...မင်းကတော့ပြောလေကဲလေပါလား.."

ကိုကိုမျက်နှာချောချောကြီးကိုခတ္တာတစ်စိမ့်စိမ့်ထိုင်ကြည့်နေရင်း

"...ကိုကိုသာငါ့ကိုပြန်ချစ်လာခဲ့ရင်.."

ခတ္တာဆက်မတွေးရဲတော့ပေ ကိုကိုကမကျော့နာကျင်ရရင်သူကိုယ်တိုင်နာကျင်ခံစားရလောက်တဲ့ထိ ချစ်တာလို့ပြောခဲ့သည်မဟုတ်လား

အာဏာအလုပ်လုပ်နေရင်းခတ္တာအားလှမ်းကြည့်တော့ဘာတွေစဥ်းစားနေလဲမသိမျက်မှောင်ကြုံ့လိုက်မျက်နှာကိုလက်နှင့်အုပ်လိုက်လုပ်နေသည်မို့

"...အလုပ်ချိန်အလုပ်မပြီးရင် အိမ်ပြန်ရင် နေခဲ့ရမှာ ညဆိုင်းပါဆင်းခိုင်းပြစ်မှာနော်.."

ဟင်ကိုကို့အသံကြောင့်ကြည့်လိုက်တော့သူမအားလက်ညှိုးတစ်ထိုးထိုးနှင့်မို့

"...ဒီလောက်အလုပ်ကတော့ခတ္တာတို့ကထမင်းစားရေသောက်ပဲ.."

အာဏာ ခတ္တာစကားကြောင့်အမြင်ကပ်စွာနဲ့မျက်စောင်းထိုးလိုက်သည်

"...အပြောကကြီးတာမိုးပေါ်ကမဆင်းဘူး.."

ခတ္တာကိုကို့စကားကြောင့်စပ်စပ်ခါသွားရသည်မို့

"..ဘာပြောလိုက်တာလဲ ဦး..စိုင်း..အာ..ဏာ..စဝ်.."

"...ဘာမှမပြောပါဘူး အလုပ်သေချာလုပ်လို့ပြောတာ.."

တစ်ကျော့ပြန်(Completed)Where stories live. Discover now