Part-39

1.7K 25 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၃၉)

လက်ထပ်ပွဲနေ့💛





ဒီနေ့ဟာတော့ခတ္တာတို့ရဲ့လက်ထပ်ပွဲနေ့လေးကိုရောက်လာခဲ့ပြီ ခတ္တာကတော့အဖြူရောင်ထိုင်မသိမ်းပေါ်မှာစိန်တွေစီခြယ်ထားတဲ့ဝတ်စုံလေးကိုဝတ်ပြီးမိတ်ကပ်ပြင်ဆင်နေသည်
အဓိပတိနေ့မို့ခတ္တာရင်တွေခုန်နေလျက် ကိုယ်ချစ်လာရတဲ့သူ့ကိုပိုင်ဆိုင်ရတော့မည်






မိတ်ကပ်ပြင်ဆင်ပြီးတော့ သဇင်ပန်း(ခေါ်)တော်ဝင်ပန်းအခက်၂၀ခန့်ကိုပန်ဆင်ထားပြီးစိန်အစစ်နဲ့လုပ်ထားတဲ့စိန်ပန်းခက်၅ခက်ကိုလည်းထပ်ပန်ထားသည်လက်ဝတ်ရတနာကတော့ ​ယောက္ခမကစိန်ဆိုင်ကတစ်ဆင်စာမှန်သမျှအကုန်ယူလာပြီးရွေးခိုင်းတာမို့ နီညိုရောင်ပတ္တမြားတစ်ဆက်အားရွေးချယ်ဝတ်ဆင်လိုက်သည်ဖိနပ်လေးကိုတော့အဖြူရောင်ပုံတော်ဖိနပ်လေးကိုရွှေခက်လေးတွေစီခြယ်ထားသည်





"လှသွားပြီ သတိုးသမီးလေးက တစ်ကိုယ်လုံးလည်းရွှေအစစ်စိန်အစစ်ဆင်မြန်းထားလို့ နတ်သမီးလေးပမာ ကိုယ်ရောင်တွေတစ်ဖျက်ဖျက်နဲ့ ကျက်သရေကိုရှိနေတာပဲ"






ခတ္တာလည်းမိတ်ကပ်ဆရာစကားကြောင့်ပါးချိုင့်လေးနစ်ဝင်တဲ့အထိပြုံးပြရင်းရှေ့ကစိန်တစ်ဆက်စာဘူးအားမိတ်ကပ်ဆရာလက်ထဲထည့်ပေးလိုက်ရင်း






"ကျွန်မဘဝရဲ့အရေးပါလှတဲ့ဒီနေ့လေးမှာအလှဆုံးပြင်ပေးတဲ့အတွက်ကျေးဇူးဆပ်တာပါ ဘယ်လိုမှသဘောမထားပါနဲ့လက်ခံပေးပါ"







"ရှင်ဟို ....ကျေးဇူး...တင်ပါတယ်"






အာဏာလည်းပြင်ဆင်လို့ပြီးတော့ခတ္တာအခန်းရှေ့ရင်ခုန်စွာနဲ့ရပ်နေလိုက်သည်ဘေးနားကမေမေတို့ကလည်းသူ့နည်းတူစွာ အာဏာသူ့ရဲ့သတိုးသမီးလေးကိုမြင်ချင်လှပြီဖြစ်သည်





"ဟူး......ရင်တွေခုန်လိုက်တာကွာ"






ထိုချိန်အခန်းတံခါးလည်းပွင့်လာတာနဲ့အမျှအဖြူရောင်အရိပ်လေးကတစ်ဖြည်းဖြည်းသူ့ဆီလျှောက်လာနေသည်နီးလာလေအာဏာရင်ခုန်သံတွေမြန်ဆန်နေပြီ







တစ်ကျော့ပြန်(Completed)Donde viven las historias. Descúbrelo ahora