Part-37

1.6K 25 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၃၇)



ကော်ဖီဆိုင်တစ်ခုထဲတည်တင်းလှတဲ့မျက်နှာထားနဲ့အတူ ခေါင်းငုံ့ထားတဲ့ယောကျာ်းလေးတစ်ယောက်ကိုတွေ့ရလိမ့်မည်ထိုသူတွေကား ခတ္တာနှင့်မင်းခပင်





"ရှင့်ကိုဒီကိုခေါ်လိုက်ရတာ​ပြောစရာရှိလို့"





မင်းခ တစ်ယောက်ခေါင်းမဖော်ရဲပေ သူမကအကုန်လုံးကိုသိနေတဲ့အပြင် သူ့အမေကိုပါသိနေတာ





"ကျွန်မကိုရဲရဲကြည့်ပါ"






ခတ္တာစကားဆုံးတော့ထိုလူကမော့ကြည့်လာလေသည်




"ဟုတ် ဟုတ်ကဲ့"






"ကျွန်မပြောချင်တာက ရှင်ကျွန်မတို့နဲ့ပူးပေါင်းပြီးကျော့သီရိခိုင်မျက်နှာဖုံးကိုခွာချပေးနိုင်မလား"






"ဗျာ....အဲ့တာကမဖြစ်နိုင်ဘူး မကျော့ကိုကျွန်တော်သစ္စာမဖောက်နိုင်ဘူး"






အဟက် ကောင်းကောင်းမှပြောမရရင်တော့အားနည်းချက်ကို ကိုင်တွယ်ရမှာပဲ





"ကျွန်မကရှင့်ကိုကောင်းမွန်စွာနဲ့ပူးပေါင်းဖို့ပြောနေတာ မပူးပေါင်းနိုင်တော့လည်းကိစ္စမရှိပါဘူး ကျော့သီရိခိုင်ရဲလက်ထဲရောက်ရင်ရှင်ပါအမှုပိုကြီးမဲ့အပြင် ရှင့်ကိုလူရိုးလူအေးလေးလို့ထင်နေတဲ့ရှင့်အမေအိုကြီးက ရှင့်ကိုသေလောက်အောင်မုန်းတီးလိမ့်မယ်"





ဟင် မင်းခ အမေဆိုတဲ့အသံကြောင့်ခေါင်းလေးထောင်သွားရသည် အမေကနဂိုထဲက ကျန်းမာရေးချူချာနေတာ သူ့အကြောင်းတွေသာသိရင်အိပ်ယာထဲ ဘုန်းဘုန်းလဲသွားမှာအသေအချာ သူမိုက်ခဲ့တာတွေခုတော့သူဆီပြန်လာကုန်ပြီပေါ့


လွန်ခဲ့သော၃ရက်ခန့်

မင်းခညနေစောင်းအိမ်ပြန်လာတော့အိမ်ထဲမှာအမေနဲ့အတူစကားပြောနေကြတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရသည်မို့အမေ့အနားအပြေးလေးသွားလိုက်လေသည်




"အမေ သူကဘယ်သူလဲ သူစိမ်းတစ်ယောက်ခြံထဲအဝင်မခံနဲ့လေအမေ "





တစ်ကျော့ပြန်(Completed)Where stories live. Discover now