Part-10

1.5K 31 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၀)

သကြင်္န်ရောက်ရန်(၇)ရက်အလို

ခတ္တာတစ်ယောက်ဂျပန်ကိုဒီနေ့သွားရမည်ဖြစ်တာကြောင့်အိမ်မှာပြာယာခက်လျက်မေမေတို့ကလည်းလေဆိပ်လိုက်ပို့ဖို့ပြင်ဆင်နေသည်

"...မေမေ ဖေဖေ ငယ်လေး ပြီးပြီလား မြန်မြန်သွားရအောင် လေယာဥ်ချိန်ထက်နာရီဝက်စောရောက်နေမှရမယ်... "

ခတ္တာပြောလိုက်တော့အကုန်ပြေးထွက်လာကြပြီး

"...ပြီးပြီသမီး သွားကြရအောင်.."

ဖေဖေကစကားဆိုလာတော့မေမေကခတ္တာကိုကြည့်ပြီး

"...ခတ္တာ မသွင်တို့မိသားစုကိုမနှုတ်ဆက်တော့ဘူးလား သူတို့ကသမီးကိုသဲသဲလှုပ်ချစ်ကြတာလေ နှုတ်မဆက်ရင်မကောင်းဘူး.."

မေမေပြောတာကလည်းမှန်နေပေမဲ့ခတ္တာမှာအချိန်မရှိပေ ဟိုရောက်ရင်လုပ်ကမဲ့အလုပ်တွေကတန်းစီးဇယားနဲ့မို့

"...မေမေပဲပြောပြလိုက်တော့ပြန်လာမှ သမီးမှာအချိန်မရှိတော့ဘူးမေမေ သွားရအောင်.."

သူမပြောတော့မှမိသားစုလေးယောက်လုံးကားပေါ်တက်ပြီးလေဆိပ်ကိုထွက်လာခဲ့သည်

ေလယာဥ်ထွက်ခါနီးမေမေကငိုလျက်ကိုယ်ကို့ကိုယ်ဂရုစိုက်ဖို့ကျန်းမာရေးမကောင်းရင်ချက်ချင်းပြန်လာခဲ့ဖို့တတွတ်တွတ်နဲ့မှာနေတာမို့ခတ္တာမှာဖက်ပြီးပြောခဲ့ရသေး

"....မေမေရာ မငိုပါနဲ့ ခတ္တာအပြီးသွားတာမှမဟုတ်တာ ဟိုကအလုပ်တွေလက်စသတ်ပြီးတာနဲ့အမြန်ပြန်လာခဲ့မယ် ဟုတ်ပြီလား.."

သူမပြောတော့မေမေကခေါင်းငြိမ့်ပြပြီးခတ္တာကိုအတင်းဖက်ထားလေသည် ငယ်လေးကလည်းပြေးပြီးလာဖတ်သည်
ဖေဖေကလည်းမျက်ရည်တွေဝဲလျက်လာဖတ်ပြီး

"...ကိုယ့်ကိုကိုယ်ဂရုစိုက်နော် သွားတော့သမီး.. "

"...ဟုတ်ကဲ့ သမီးသွားပြီနော်.."

ပြောပြီးတာနဲ့လေယာဥ်ပေါ်တန်းတက်ခဲ့သည်လေယာဥ်ထွက်တာနဲ့ခတ္တာလည်းသက်ပြင်းချပြီးနားကြပ်တပ်သီချင်နားထောင်ပြီးအိပ်နေလိုက်တော့သည်

တစ်ကျော့ပြန်(Completed)Where stories live. Discover now