Part-7

1.4K 25 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၇)

ခတ္တာတို့ရေချိုးပြီးလို့ရွာထဲလျှောက်လည်ရန်အောက်သို့ဆင်းလာခဲ့ကြတော့သည်ထို့နောက်

"...မေမေ သမီးနဲ့ကိုကိုရွာထဲလျှောက်လည်မလို့အဲ့တာသွားလိုက်အုန်းမယ်နော့  ငယ်လေးရောလိုက်မလား..."

"...မလိုက်တော့ဘူးမမ ဇာတ်ကားပဲကြည့်နေတော့မယ်..မမတို့ပဲသွားလိုက်တော့.."

"...သမီးခတ္တာ ကိုကို့ကိုယ်ရွာအနှံ့သေချာလိုက်ပြလိုက်အုန်းနော်..."

"...ဟုတ်ကဲ့မေမေ အဲ့ဆိုသွားပြီနော်အန်တီသွင်တို့မေးရင်ပြောလိုက်အုန်း.."

"...အဲ့ဆိုသားတို့သွားတော့မယ်နော်အန်တီခက်..."

"...အေအေ ကောင်းကောင်းသွားကြ..."
အန်တီသွင်စကားဆုံးတာနဲ့ အာဏာနဲ့ခတ္တာတို့ခြံပြင်ထွက်လာခဲ့တော့သည်ရွာလမ်းအတိုင်းလျှောက်လာသမျှအာဏာအကဲခတ်ကြည့်မိလေသည်
ဒီရွာမဆိုးပါဘူးသန့်သန့်ပြန့်ပြန့်လေးပါဘဲအာဏာထင်နေတာကရွာဆိုတော့ညစ်ပတ်မည်လို့ထင်နေခဲ့တာ

"...ကိုကိုရှေ့နားကမုန့်ဆိုင်ရောက်ရင်ခဏဝင်မယ်နော်.."

"...ဘာလုပ်မို့လဲခတ္တာ ဗိုက်ဆာလို့လား..."

"...မဟုတ်ပါဘူး ရေဆာလို့ရေဝယ်သောက်မို့ကိုကို..."
အာဏာတို့လျှောက်လာရင်းဆိုင်ရှေ့ရောက်တော့ခတ္တာကဆိုင်ထဲဝင်တော့အာဏာပါလိုက်ဝင်ပြီးစောင့်နေလိုက်သည်

"...အဒေါ် ရေသန့်ဘူးရှိလားရှင့် ရှိရင်သမီးကိုတစ်ဘူးလောက်..."

"ရှိတယ်သမီး တစ်ဘူးနော် ၃၅၀၀​ကျတယ်သမီး.."

"...ဒီမှာပါအဒေါ် ရေဘူးဖိုးပိုက်ဆံ.."ပိုက်ဆံပေးပြီးနောက်ကိုကိုနဲ့တူတူလမ်းလျှောက်လာရင်းရေသောက်​​နေတုန်းကိုကိုဆီကအသံကြောင့်ခတ္တာကြည့်လိုက်တော့
ခတ္တာတို့ရှေ့မှာခွေးတစ်အုပ်ကကြည့်ပြီးဟောင်နေတော့သည်

"...ခွေးတွေကအများကြီးခတ္တာ ကိုကိုတို့တော့ခြေထောက်တွေပြတ်ပြီလားမသိဘူး.."ကိုကိုက​ပြောနေတော့ခတ္တာလည်းခွေးတွေကိုမောင်းထုတ်ဖို့တုတ်ရှာနေတုန်းကိုကိုကရုတ်တရက်ကြီးခတ္တာလက်ကိုဆွဲလာလေသည်

တစ်ကျော့ပြန်(Completed)Where stories live. Discover now