Part-20

1.5K 22 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၂၀)

အာဏာလည်းအလုပ်သွားလိုက်အလုပ်ကပြန်လာရင်ခတ္တာဆီဝင်လိုက်နဲ့ရက်တော်တော်ကြာကြာဖြစ်သွားသည်

ခတ္တာလည်းလက်ကသက်သာစပြုလာပြီမို့နောက်နေ့အလုပ်ဆင်းရန်ကိုကို့အားပြောထားပြီးပြီဖြစ်သည်


ကျော့တစ်ယောက်ဒီကြားထဲ ငြိမ်ငြိမ်နေပြီးခတ္တာအခြေအနေအားစောင့်ကြည့်နေသည်

မောင်ရှေ့မှာတော့မလုပ်တော့ဘူးလို့ပြောထားပေမဲ့ ကွယ်ရာမှာတော့သေကြေတဲ့ထိလုပ်ပြစ်ချင်နေသည်

ခတ္တာခြံထဲ၌ပန်းပင်တွေရေလောင်းနေတုန်းခြံထဲကိုကားတစ်စီးဝင်လာတာကြောင့်ကြည့်နေတော့ ကိုကိုပင်


"...ဟင် ကိုကို  ဘာလာလုပ်တာလဲ အလုပ်ချိန်ကြီးမဟုတ်ဘူးလား.."

"...အချိန်လည်းကြည့်အုန်းဒေါ်ခတ္တာငယ်ဦး..

ကိုကိုပြောမှခတ္တာဖုန်းအားထုတ်ကြည့်မိလိုက်တော့

"...4:00တောင်ရှိပြီပေါ့လေ အဲဆိုခတ္တာရေလောင်းနေတာကြာပြီပေါ့လေ.."

အာဏာခုမှနာရီကိုကြည့်လိုက်သူ့ကိုကြည့်လိုက်နဲ့ ပြူးတူးတူးလေးဖြစ်နေတဲ့ခတ္တာကိုအသဲယားနေမိသည်

"...ခတ္တာ ရေသွားချိုး တော့.. "

"...ဟင် မချိုးချင်သေးပါဘူး စောသေးတာကို.."

"..ကိုကိုကညစျေးတန်းသွားဖို့ခေါ်မလားလို့ ခတ္တာကရေမချိုးဘူးဆိုတော့လည်းမခေါ်တော့ပါဘူးလေ.."

ဟင်  ကိုကိုကညစျေးတန်းလို့ပြောတာကြောင့်ခတ္တာမျက်လုံးလေးကလယ် ကလယ်နဲ့ကြည့်နေရင်း

"..တကယ်သွားမှာလားကိုကို.."


အာဏာသူ့အားမျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်ပြီးမေးနေတဲ့ခတ္တာကြောင့်


"..တကယ်ပေါ့ သွားရေသွားချိုးတော့မပြီးရင်မစောင့်ဘူးနော်.."


ခတ္တာကိုကိုစကားကြောင့်ရေပိုက်အားပြာပြာသလဲလဲချပြီး


တစ်ကျော့ပြန်(Completed)Where stories live. Discover now