Part-17

1.3K 26 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၇)

နေရောင်တွေအခန်းထဲထိုးဖောက်လာတာနှင့်အတူ စားပွဲပေါ်မှနာရီကလည်းAlarmပေးထားတာကြောင့်တုန်ခါပြီးဆူညံနေသည်

ခတ္တာ နာရီအားပြန်ပိတ်ပြီးမျက်လုံးမှိတ်နေစဥ်

ဟာ  ငါဒီနေ့အလုပ်စဝင်ရပြီ အမြန်ပြင်မှပဲ

ပြောရင်းကုန်းထပြီးရေချိုးခန်းထဲပြေးဝင်လိုက်တော့သည်

မျက်နှာသစ်ရေချိုးပြီးကိုကို ဟိုနေ့ကပေးထားတဲ့ယူနီဖောင်းအားထုတ်လိုက်လေသည်

"...ဟယ် လှလိုက်တာဝတ်စုံလေးက ငါနဲ့လိုက်မယ် အဟိ.."

ခတ္တာ ကိုကိုပေးတဲ့ယူနီဖောင်းအားကြည့်ရင်းသဘောကျစွာပြုံးလိုက်သည်

ယူနီဖောင်းမှာပေါင်လယ်စကပ်တိုအနက်ရောင်နှင့် အကျီင်္ အဖြူလက်ရှည်ကိုမှ SA Companyဆိုသည့်တံဆိပ်လေးပင်ပါလိုက်သေး

အာဏာCompanyမသွားခင်မနက်စာစားရန်အောက်ထပ်သို့ဆင်းလာခဲ့တော့ မနက်စာပြင်နေတဲ့မေမေကသူ့ကိုတွေ့တာနဲ့

"..သားလေးတောင် ပြီးပြီပဲ လာ မနက်စာစားသွားကြအုန်း ပြီးမှအလုပ်တူတူသွားကြမယ်.."

မေမေစကားကြောင့်အာဏာဘေးနားက​ေနဖြတ်လျှောက်လာတဲ့ဖေဖေက

"...သွင် ရေ မင်းသားကစားနိုင်မှာတောင်မဟုတ်ဘူး မျက်နှာလေးမြင်ရဖို့အပြေးသွားတော့မှာ.."

အာဏာလည်းဖေဖေပြောတဲ့အဓိပ္ပါယ်အားသိနေတာကြောင့်

"..ဖေဖေကလည်းဗျာ မဟုတ်တာတွေ.."

ပြောရင်းသားဖတွေထမင်းဝိုင်း၌ဝင်ထိုင်လိုက်ကြပြီးကော်ဖီသောက်နေတုန်းမေမေကမေးလာသည်

"..ဘယ်သူ့မျက်နှာကိုလဲသားလေး သမီးလေးခတ္တာကိုလား.."

"..ဟာ မဟုတ်ပါဘူးဆိုဗျာ..မေမေကလည်း.."

အာဏာလည်းမေမေရောဖေဖေကပါစနေတာမို့မနေတက်တော့ပေထို့ကြောင့်ဝိုင်းမှကောက်ထလိုက်ပြီး

"..သားတော်ပြီ သွားတော့မယ်ဗျာ.."

ဒေါ်ဥမ္မာသွင်သား​ဖြစ်သူကိုကြည့်ပြီးသဘောကျစွာရယ်နေလေသည်

တစ်ကျော့ပြန်(Completed)Where stories live. Discover now