Part-22

1.4K 27 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၂၂)

ဒီရက်တွေထဲခတ္တာမေမေဆိုင်ကိုဝင်ကူနေသည်မို့စိန်အကြောင်းကျောက်အကြောင်းအကုန်နားလည်နေပြီဖြစ်သည်

အာဏာလည်းကိစ္စဖြစ်ပြီးတဲ့နေ့ထဲကခတ္တာကအလုပ်လဲမလာတော့သလို အိမ်မှာနေရင်တောင်အရိပ်အယောင်တောင်မတွေ့ရချေ

ကျော့မှာတော့ခတ္တာလက်ချက်ကြောင့်အရိုးအက်တဲ့ဒဏ်ကိုအလူးအလဲခံရသည်မို့မကျေနပ်ပေ ပို၍ပို၍မုန်းလာသည်

ဖေဖေနဲ့မေမေကလည်းမကျေနပ်ပေမဲခတ္တာမိဘတွေကလည်းနယ်နယ်ရရတွေမဟုတ်တဲ့အတ​ွက်ဘာမှမလုပ်ရဲပေ

ခတ္တာလည်းငယ်လေးမွေးနေ့ကမနက်ဖြန်ဆိုရောက်ပြီမို့အလုပ်တွေရှုပ်နေသည်

ဖေဖေကလည်းခွင့်ယူထားပြီးခတ္တာနှင့်အတူဝိုင်းကူလေသည်

ခတ္တာတို့ခြံကရွာဘက်ကလယ်တွေနဲ့တွက်မယ်ဆိုရင်၅ဧကလောက်ရှိမယ်ထင်တယ်ခြံကျယ်တော့ဘာပွဲပွဲလုပ်လုပ်ကိုယ့်စိတ်ကြိုက်ပြင်နိုင်သည်

မနက်ဖြန်ဆိုသစ္စာမွေးနေ့ရောက်ပြီမို့သစ္စာကတော့ရင်ခုန်နေသည်ဖေဖေတို့မမတို့လက်ဆောင်တွေကိုတွေ့ချင်နေပါပြီ

ခတ္တာမေမေ့အားကြည့်လိုက်တော့ဟိုဘက်ခြံကိုထွက်သွားသည်မို့ကြည့်သာကြည့်နေလိုက်သည်

ညထဲကရီရီ၊ကိုညီထွဋ်၊ကိုသီဟတို့
အားပြောထားတာကြောင့်သူတို့ပါရောက်လာကြသည်


"...မိခတ္တာရယ် မွေးနေ့ကမနက်ဖြန်မှမဟုတ်ဘူးလား.."

ရီရီကမုန့်စားနေရင်းပလုတ်ပလောင်းသံနဲ့မေးနေတာကြောင့်


"..မနက်ညမှပွဲကစမှာဆိုပေမဲ့ခုထဲကကြိုစီစဥ်ထားတာဟ မေမေတို့ဖေဖေတို့မိတ်တွေကအသိုင်းဝိုင်းကြီးတွေလေ လိုလေစိတ်မရှိအောင်ကြိုပြင်ထားတာ.."


"..ခတ္တာကရုပ်လေးကလည်းချော အရမ်းလည်းအမြှော်အမြင်ရှိတာပဲ..."


ကိုသီဟစကားကြောင့်ခတ္တာလည်းရယ်ပြလိုက်သည်


"...ဒီပါးချိုင့်တွေထဲသူနစ်ခဲ့တာခုထိမထွက်နိုင်တာမဟုတ်ပါလား.."


တစ်ကျော့ပြန်(Completed)Where stories live. Discover now