Part-19

1.3K 26 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၉)

ခတ္တာဗိုက်ဆာလာလို့ထမင်းစားနေတုန်းအိမ်ရှေ့က ကားသံကြားတာကြောင့်ထွက်ကြည့်လိုက်တော့ဖေဖေပင်

"..ဟင် ဖေဖေ ဒီနေ့အစောကြီးပြန်လာတယ်.."

ဦကျော်နိုင်သူ့ကိုလာထွက်ကြိုတဲ့သမီးဖြစ်သူအားပြုံးပြရင်း

"..ဖေဖေဒီနေ့စိတ်ထဲလေးနေတယ် ဘာဖြစ်မှန်းမသိလို့သမီး.."

ခတ္တာလည်းဖေဖေ့အိတ်အားယူကူရန်လှမ်းယူလိုက်လေသည်

ဦးကျော်နိုင်လည်းသမီးဖြစ်သူအား အိတ်ပေးရင်းလက်ကို​ကြည့်လိုက်တော့

နီရဲယောင်ကိုင်ပြီးအရည်ကြည်ဖုတွေပါတည်နေသည်မို့အလန့်တကြားနဲ့လက်အားကောက်ကိုင်လိုက်ပြီး

"...လက်က ဘာဖြစ်တာလဲသမီး ဘယ်သူလုပ်လိုက်တာလဲ ဖေဖေ့ကိုပြောစမ်း.."

ဟုတ်ပါရဲ့ခတ္တာဖေဖေပြောမှကိုယ့်လက်ကဒဏ်ရာကိုကြည့်မိလိုက်တော့သည်

"..ဟိုကော်ဖီဖျော်ရင်းဖိတ်ကျသွားတာပါနည်းနည်းလေးပါဖေဖေရယ်.."

ဦးကျော်နိုင်မှာတော့ဘာစကားမှဆက်မဆိုနိုင်သမီးဖြစ်သူလက်အားကြည့်နေရင်းမျက်ရည်တွေကျနေလျက်

"...ဖေဖေ ရယ် မငိုပါနဲ့ ခတ္တာကပေါ့ဆမိသွားလို့ပါ ..."

"...ငါ့သမီးလေး အထိခိုက်မခံနိုင်လို့ ထမင်းဟင်းတောင်အချက်မခံတာကိုကွာ အပူလောင်ရတယ်လို့ လာလာ ဖေဖေဆေးထည့်ပေးမယ်.."

ပြောရင်းဦးကျော်နိုင်လည်းသမီးဖြစ်သူကိုဆေးထည့်ရန်ဧည့်ခန်းထဲသို့ခေါ်လာခဲ့တော့သည်

ခတ္တာလည်းဖေဖေနောက်လိုက်လာခဲ့သည်

ညနေစောင်းမှာအိမ်ထဲ၌ယောက်ယပ်ခပ်နေတဲ့ဖေဖေနဲ့မေမေအားတွေ့တော့အာဏာလည်းမနေနိုင်ပဲမေးနေရပြီ

"...ဘာတွေအလျင်လိုနေတာလဲ ဖေဖေနဲ့မေမေရာ လက်ထဲလည်းခြင်းတွေအပြည့်နဲ့ဘာတွေလဲ.."

ဦးဓနနဲ့ဒေါ်ဥမ္မာသွင်လည်းသားဖြစ်သူစကား​ကြောင့်စကားခဏဖြတ်လိုက်ပြီး

တစ်ကျော့ပြန်(Completed)Where stories live. Discover now