Part-28

1.5K 23 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၂၈)

"မမရေ....မမ"




သစ္စာမမနှင့်အတူမုန့်ထွက်စားရန်ခေါ်ဖို့မမအခန်းထဲဝင်လာခဲ့သည်




ခတ္တာညထဲကငိုနေတာမနက်လင်းမှမှေးခနဲအိပ်ပျော်သွားသည်ငယ်လေးအသံကြောင့်လန့်နိုးလာသည်




သစ္စာအခန်းထဲဝင်လာတော့အိပ်ယာကနိုးနေပြီဖြစ်တဲ့မမကိုတွေ့လိုက်ရတာကြောင့်မမအိပ်ယာပေါ်ပြေးတက်သွားလိုက်သည်





"မမ..နိုးပြီလား နိုးရင် သစ္စာတို့မုန့်သွားစားကြရအောင်နော်"




ခတ္တာစိတ်ပင်ပန်းလူပင်ပန်းနေပေမဲ့ညီမလေးကိုချစ်တာကြောင့်သွားရန်သဘောတူလိုက်သည်




"ဟုတ်ပါပြီ သွားမယ် သွားမယ်ဟုတ်ပြီလား"




"ဟီး..အဲ့မို့မမကိုပိုချစ်တာသိလား"




ပြောရင်းသစ္စာလည်းမမပါးပြင်လေးကိုနမ်းလိုက်သည်





ခတ္တာသူ့ကိုချွဲနေတဲ့ငယ်လေးကြောင့်သဘောကျစွာပြုံးလိုက်မိသေး ငိုထားရလို့မျက်ခွံတွေဟာကျိန်းစပ်နေလျက်





"ဟုတ်ရောဟုတ်လို့လားငယ်လေး "





"တကယ် သစ္စာကမမကိုကမ္ဘာမှာအချစ်ဆုံးပဲသိလား"






"စကားတတ်နေတာသွားစောင့် မမဆင်းလာခဲ့မယ်"





"ဟုတ်မမ"




သစ္စာလည်းမမအခန်းထဲကနေထွက်လာပြီးသူမအခန်းထဲကပိုက်ဆံအိတ်အဖြူရောင်လေးကိုကောက်လွယ်လိုက်ပြီးခေါင်းကိုပုဝါဖြူလေးအုပ်လိုက်သည် ကိုယ့်စတိုင်နဲ့ကိုယ်ပေါ့နော်




ခတ္တာလည်းမျက်နှာသစ်နေရင်းမှန်ထဲကသူမမျက်နှာကိုစိုက်ကြည့်နေသည်ငိုထားရလွန်းလို့မျက်ခွံတွေကျိန်းစပ်ပြီးမျက်လုံးအိမ်ဟာနီရဲနေသည် မျက်နှာအမြန်သစ်ပြီး Suncreamအနည်းငယ်လူးပြီးအောက်ထပ်ဆင်းလာခဲ့သည်





သစ္စာမမကိုစောင့်နေရင်းမမဆင်းလာတာတွေ့သွားတော့အံသြရသည်ဘယ့်နှယ်မုန့်သွားစားမှာကိုညအိပ်ဝတ်စုံကြီးနဲ့လဲ အဝတ်လဲမလဲလာ





တစ်ကျော့ပြန်(Completed)Where stories live. Discover now