အပိုင်း ( ၆၂ )

2.1K 85 3
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 62
~~~~~~~
" ဟော မီးလေး ငိုထားတာလား "

အလုပ်ကပြန်ရောက်ရောက်ချင်းပဲ ကိုကိုက အလင်္ကာလေးရဲ့မျက်နှာကိုမြင်ပြီး မေးနေခြင်းပင်

" ဟုတ်တယ်ကိုကိုရေ ရှင်းလေးက သမီးဆွဲထားတဲ့ပုံကို ရောင်စုံခဲတံနဲ့ခြစ်ချလိုက်လို့ ငိုထားတာ "

" ဟုတ်လား မီးလေး "

" ဟုတ် ဒယ်ဒီ....ဒါပေမဲ့ရေ ကာကာတို့အဲ့တိတ်စရို ဖြေချင်းပြီးပြီသိရား ဒယ်ဒီ ဒါကြောင့်မို့ရေ ရှင်းရေးရို ဆူနဲ့တော့နော် "

သူ့မောင်လေးအပေါ်ကို ငဲ့ညှာတတ်တဲ့သမီးဖြစ်သူကြောင့် ခွန်းလည်းသဘောတကျပြုံးမိသွားသည်

သားလေးကိုကြည့်လိုက်တော့လည်း သူ့အမေပေါ်ကနေ မျက်နှာငယ်လေးနဲ့ ကိုယ့်ကိုကြည့်နေလေရဲ့

" ကိုကို ရေချိုးတော့လေ "

" အင်းဒါဆိုကိုကိုရေချိုးတော့မယ်.....သမီး ဒယ်ဒီ့အတွက် အကျီရွေးပေးမယ်မလား "

" ဟုတ် ဒယ်ဒီ "

" ကဲ လာပါဦး ဒယ်ဒီ့မင်းသမီးလေး "

" ဟီး "

ကိုကိုက သမီးကိုချီပြီးအပေါ်ကိုတက်သွားတာမို့ မျက်ဝန်းလည်းသားလေးကို ဖြည့်စွက်စာကျွေးဖို့ ပြင်လိုက်သည်

" ရှင်းလေး ဒါအရင်စားထားနှင့်နော် "

သားလေးကို baby seat မှာထိုင်ခိုင်းထားပြီး နို့ချောင်းလေးတစ်ချောင်းပေးထားလိုက်သည်

အဲ့နို့ချောင်းလေးတွေက အကိုစိုင်းထက်ဝဠာကိုယ်တိုင်လုပ်ထားတာမို့ ကလေးတွေအတွက် ဘေးမဖြစ်ပေ

" မား.....မား "

သူမကို မားလို့ခေါ်ပြီး လက်လေးခါပြနေတာမို့ မျက်ဝန်းမှာပြုံးမိသွားရသည်

သဘောကတော့သူ့မှာမရှိတော့ဘူး ထပ်ပြီးပေးပါပေါ့

" တော်ပြီနော်ရှင်းလေး ခဏနေရင်မန်မန်စားရမယ် "

" အဲ..... အဲ "

" No,That's enough baby "

" ဘူး..... "

" ဆိုးလိုက်တာနော် မမတုန်းကအရမ်းလိမ္မာတာသိလား "

" ဘူး ဘူး ဘူး "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now