အပိုင်း ( ၅၄ )

2.8K 84 3
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 54
~~~~~~~
" အား...ကျစ် ကျစ် "

" ကလေး သက်သာရဲ့လား "

" အင်းအင်း ရတယ် ကိုကို "

" မေမေ ကလေးကဗိုက်နာနေတာမဟုတ်ဘူးလား "

" မဟုတ်သေးဘူးသားရဲ့ မွေးခါနီးပြီမို့လို့အခုလိုဖြစ်နေတာ "

" ဟုတ်တယ်သားခွန်း စိတ်မပူပါနဲ့ကွယ် ဒါကပုံမှန်ပါပဲ "

ခွန်းမှာတော့ ဆေးရုံကုတင်ထက်မှာလှဲနေပြီး ဗိုက်နာနေတာကိုခံစားနေရတဲ့ကလေးကိုကြည့်ပြီး စိတ်မချမ်းမြေ့လှပါ

ဗိုက်ကတစ်ချက်တစ်ချက်အောင့်တာမို့လို့ ဆရာဝန်တွေကလည်း နာရီဝက်ခြားတစ်ခါလာကြည့်ပေးသည်

" အာ့..... "

ကလေးတစ်ချက်အော်လိုက်တိုင်းခွန်းမှာတော့ ပြာယာခတ်နေမိသည် ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိတော့

မျက်ဝန်းလည်း ဗိုက်အောင့်တဲ့ဝေဒနာကို အရမ်းခံစားနေရသည်။ ကိုကိုက ခွဲမွေးဖို့ပြောပေမယ့် မျက်ဝန်းကတော့ငြင်းဆန်ခဲ့သည်

အခုချိန်မှာတော့ ဗိုက်ထဲကနေ မအီမသာကြီးခံစားနေရပြီး တစ်ချိန်လုံးလှဲနေဖို့ပဲတတ်နေခဲ့သည်

နောက်ထပ်တစ်နာရီလောက်ကြာမှာတော့ ဗိုက်ကမခံမရပ်နိုင်အောင် နာလာပြီမို့ ဆရာဝန်တွေ သူနာပြုတွေကလည်း သူမကိုမွေးခန်းထဲသို့ချက်ချင်းပို့ကြသည်

" သား လိုက်သွားလို့မရဘူးလေ "

ဒေဝီလည်း လိုက်သွားဖို့ပြင်နေတဲ့သားဖြစ်သူရဲ့လက်ကိုဆွဲထားရသည်

" မေကြီး မမကြီးအထဲဝင်သွားပြီလား "

" ဝင်သွားပြီ သား.... ဒါနဲ့သားအဖေရော "

" အဖေက အိမ်ကနေမေကြီးတို့စားဖို့အတွက်ဆိုပြီး ချက်ပြုတ်နေတယ် အန်ကယ်တွေရောပဲ "

ဒေါ်နွယ်နွယ်ညိုလည်းခေါင်းညိတ်ပြလိုက်ပြီး သမီးလေးမွေးဖွားရလွယ်ကူအောင် ဘုရားစာရွတ်နေလိုက်သည်

ခွန်းလည်းတုန်ယင်နေတဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီး ဘုရားစာတွေရွတ်နေလိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now