အပိုင်း ( ၄၆ )

3.4K 103 6
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 46
~~~~~~~
မနက်နိုးနိုးချင်းခံစားလာရတဲ့အသိက တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးရှိနေခြင်းပင်

သူမမျက်စိရှေ့မှာမြင်နေရတဲ့ ရင်အုပ်ဖွေးဖွေးကို အနမ်းလေးတစ်ချက်ပေးလိုက်ပြီး အပေါ်ကိုမော့ကြည့်လိုက်တော့ ကိုကိုကပြုံးပြီးကြည့်နေတာမို့ အရှက်ပိုသွားရသည်

" အဟင်း ရှက်သွားတဲ့မျက်နှာလေးကြည့်ချင်လို့ ပြပါဦးဗျ "

" ကိုကိုနော် "

ဆိုပြီး မဝံ့မရဲအသံလေးနဲ့ဆိုလာတာမို့ သူ့မှာရင်ခွင်ထဲက ကလေးလေးကိုတင်းနေအောင်ဖက်လိုက်သည်

" အင့် ကိုကိုနော် အသက်ရှူလို့မရတော့ဘူး "

လက်လေးနဲ့တွန်းဖယ်လာတာမို့ သူလည်းဖက်ထားတာကိုလွှတ်ပေးလိုက်သည်

" ရေချိုးလိုက်ဦးမယ်နော် ကိုကို "

" ရေနွေးစပ်ချိုးနော် ကလေး....၆နာရီခွဲပဲရှိသေးတာဆိုတော့ အေးနေလိမ့်မယ် "

" ဟုတ် ကိုကို "

သူမအဝတ်အစားတွေကိုပါတစ်ခါတည်းယူပြီး ရေချိုးခန်းထဲဝင်သွားတာမို့ ခွန်းလည်းအိပ်ယာကနေထလိုက်ပြီး မနက်စာကိုပြင်ဆင်နေလိုက်သည်

ရှမ်းတို့ဟူးကြော်နဲ့ ရှမ်းခေါက်ဆွဲကို မနက်စာအဖြစ်ပြင်ဆင်လိုက်ပြီး အရည်သောက်အဖြစ်ကတော့ မုန်ညင်းရွက်ကိုပဲလုပ်လိုက်ရသည်

ပြီးတော့ sausage ကိုလည်း အနည်းငယ်ကြော်လိုက်သည်

သူအကုန်ပြင်ဆင်ပြီး အခန်းထဲကိုဝင်လာတော့ ကလေးက ခေါင်းပင်ဖြီးနေလေပြီ

" ကိုကို ကလေးရေနွေးလေးစပ်ထားပေးတယ်နော် တစ်ခါတည်းရေချိုးလိုက်တော့ "

" ဟုတ်ပြီ ကလေး "

မျက်ဝန်းလည်း ကိုကိုနဲ့သူမရဲ့အခြေအနေကိုတွေးပြီး သဘောကျနေမိတော့တယ်

" ကိုကို မနက်စာစားပြီးရင်ပန်းခင်းကြီးနဲ့ဓာတ်ပုံရိုက်ပေးနော် "

" အပြင်မှာ အေးတယ်နော် ကလေးလေး "

" အနွေးထည်ဝတ်ထားမှာလေ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now