Final

1.1K 54 14
                                    

သူမရှိတော့တဲ့တစ်လအတွင်းမှာ ကျွန်မတစ်
ယောက်တည်းနေသားကျအောင်ကြိုးစားခဲ့ရတယ်။
သူအိမ်ပေါ်ကဆင်းသွားပြီးနောက်သူံးရက်အကြာမှာ
ကွာရှင်းစာချုပ် အိမ်ပေါ်ရောက်လာတယ်။
တစ်ဖက်မှာတော့သူ့ရဲ့လက်မှတ်ကလေးပါတယ်။

ဘာတွေဖြစ်ခဲ့တာလည်းဆိုတော့. .

. .သူပြောခဲ့တဲ့စကားအတိုင်း
သူ့ကိုကျွန်မ ဘယ်တော့မှမတွေ့ရတော့ဘူး။
သူရှိနေနိုင်မယ့် နေရာတွေကို ကျွန်မ က မသွားခဲ့တာ
လည်းပါပါတယ်။

ကျွန်မ အရက်တွေအလွန်အကျွံသောက်တယ်။
သူ့ကိုမေ့ဖို့ကျွန်မ ကြိုးစားတယ်။
ညတွေ မအိပ်လွန်းလို့. .ဆေးခန်းရောက်ရတာ
လည်းခဏခဏပါပဲ။

တစ်နေ့သားက ကျွန်မ အိမ်မှာ အသူံးအဆောင်
ပစ်စည်းပြတ်နေလို့ ဈေးဝယ်ဖို့ ထွက်ခဲ့တယ်လေ ။
အဲ့ဒီနေ့မှာ ကျွန်မ ရိုစီတို့ကိုတွေ့ခဲ့တယ်။

'' လီဆာ. .''

ရိုစီတို့လိုပြောရတာက တစ်ခြားတော့မဟူတ်ပါဘူး၊
ရိုစီနှင့်ဂျီဆူးတို့ ချစ်သူတွေဖြစ်သွားခဲ့ကြတယ်လေ။

ဒါကြောင့်မလို့ ရိုစီတို့လို့ သူံးနှုန်းရတာပေါ့။

သူတို့နဲ့တွေ့တော့ ဂျီဆူးက ကျွန်မကိုနှုတ်ဆက်တယ်။
''လီဆာ''

''အော် ဂျီဆူး ဈေးလာဝယ်တာလား''

''အင်းဟူတ်တယ် လီဆာ. .''

ဘေးက ရိုစီကတော့ လီဆာ့ ကိုမျက်နှာလွဲထားသည်။
လီဆာ့ရဲ့မျက်နှာကို ကြည့်ချင်ပူံလဲမရ။

''ခဏလောက် စကားပြောရအောင်လား လီဆာ''

ဟူ ၍ ဂျီဆူးက ပြောသဖြင့် အအေးဆိုင်တစ်ခုသို့
ဝင်လိုက်ကြသည်။

'' လီဆာ တော်တော်လေးပိန်သွားတယ်နော်''

''ဟုတ်တယ်ဆူး''

''တို့လီဆာ့ကိုတွေ့ချငိနေတာ. .မပြောမဆိုနဲ့
အလုပ်ကထွက်သွားလို့ ဆူး တော်တော်စိတ်မကောင်းဖြစ်လိုက်ရတာ''

''အခြေအနေကအဲ့လိူဖြစ်သွားတယ် ဆူးရယ်''

''ဟို. . ဂျန်းနီ သတင်းရော မကြားမိဘူးလား. .''

Unable to forgetWhere stories live. Discover now