Part 16

542 43 6
                                    

''အတိတ်''

'' ရူဘီတို့လက်ထပ်ပြီးရင် ဘယ်မှာနေမှာလည်းလီဆာ''

'' အဲ့ဒီအတွက်တော့မပူပါနဲ့ ကိုယ် တိုက်ခန်းတစ်ခနိး
ဝယ်ထားတာရှိတယ် ကိုယ်တို့နှစ်​ယောက်အတွက်''

''ဟင် ဘယ်တုန်းကဝယ်လိုက်တာလည်း မြန်လိုက်တာ''

''အော် ဒါမျိုးမှမမြန်ရင်ဘယ်ဟာကိုမြန်ရမလည်း
ရူဘီရဲ့ ကိုယ့်ချစိသူလေးနဲ့ဘဝတစ်ခုကို
တည်ထောင်ရတော့မယ့်ဟာ''

''ဟီးအဲ့တာကြောင့်မလို့ချစ်နေရတာ''

''ဒီကောင်မလေးသိပ်ချွဲနော်'' ဟုဆိုကာ ချစ်စနိုး
ဖြင့်ခေါင်းလေးအား ဖွဖွထုလိုက်သည်။

ဂျနိးနီနေတဲ့ရပ်ကွက် ထဲရှိ လမ်းကြားတစ်ခုတွင်ဖြစ်သည်။ လီဆာ့လက်မောင်းအား ဂျန်းနီက
ချိတ်တွယ်ထားကာ လမ်းလျောက်နေကြသည်။
အနာဂတ်ရဲ့အစီအစဥ်တစ်ချို့ကို တိုင်ပင်လျက်လာခဲ့ကြရာ မိန်းကလေးနှစ်ယောက်
လက်ချင်းချိတ်၍လျောက်လာကြသည်ကို မြင်
သော အသက်ခပ်လတ်လတ်မိနိးမကြီးတစ််ချို့က
လက်ညှိူးထိုးကာဖြင့် မသိမသာ အတင်းပြော
နေကြသည်။

'' ကြည့်စမ်းပါဦး ကျွန်မသားသမီးသာဆို ရင်ကျိူး
ရချည်ရဲ့. .''

''ဟုတ်ပရှင်.. ရွံစရာကောင်းလိုက်တာ မိန်းမကမိနိးမ
အချင်းချင်း ယောက်ကျားက ယောက်ကျားအချင်း
ချင်းတွဲနေကြတာများ.  .ခေတ်ကြီးကဘယ်လိူ
တွေဖြစ်ကုန်တာလည်းမသိပါဘူး. .''

''တော်သေးတာပေါ့ရှင် ကျွန်မတို့သားသမီးတွေက
အဲ့ဒီလိူမဟုတ်လို့ ကံကောင်းတာရှင့်'

ထိုမိန်းမကြီးတွေအနားဖြတ်လျောက်သွားစဥ်ကြား
လိုက်ရသော စကားသံများကြောင့်လီဆာ့ခြေလှမ်းတို့ရပ်တန့်လိုက်သည်။ ပြီးနောက်. . .

'' ဒီမှာ အဒေါ်ကြီးတို့. . သူများအတင်းကိုပြော
မယ်ဆိုရင်လည်းအခုလိုလမ်းလယ်ခေါင်ကြီးမှာ
မဟုတ်ပဲ..ဆိုင်တစ်ဆိုင်မှာထိုင်ပြီးဖြစ်ဖြစ်ပြောကြ
ပါလား ဘာလည်းဆိုင်ထိုင်ဖို့ပိုက်ဆံမရှိလို့လား
ကျွန်မပေးမယ်လေ''

Unable to forgetWhere stories live. Discover now