''ကျွန်မက ညတိုင်း ပျော်ရွှင်စရာကောင်းတဲ့အတိတ်
ကိုပဲ အိပ်မက်မက်နေခဲ့တာ. .
ကျွန်မက နာကျင်ရမယ့်အရာတွေကိုမေ့နေခဲ့တာ. .
ကျွန်မက ကျွန်မနှလုံးသားလေးချမ်းမြေ့ရာမှာပဲ
တဝဲလည်လည်ရှိနေခဲ့တာ. .
ကျွန်မက သေကြောင်းကြံစည်သည်အထိ သူမ
ကို ဆုံးရူံးရမှာကြောက်ခဲ့တာ. .ရူဘီ ကျွန်မကို စပြီးချစ်ခဲ့တယ်. .ကျွန်မက . .
ရူဘီ့ထံမှာ နက်နက်ရိူင်းရိူင်း နစ်ဝင်သွားခဲ့မိတာ. .ရူဘီဆိုတဲ့နွံမှာ ရုန်းထွက်လို့မရအောင်ကိုကျွန်မ
နစ်ဝင်သွားခဲ့တာ''🌻မနက် ဝေ လီဝေလင်း အချိန်ငါးနာရီလောက်မှာပေါ့၊
လီဆာဆေးရုံကုတင်ပေါ်တွင် အိပ်နေရာမှ
နိုးလာခဲ့သည်။ ညက အဒေါ်ကြီးကို အိမ်ပြန်
အိပ်ခိုင်းလိုက်သဖြင့် အခန်းထဲတွင်တစ်ယောက်
တည်းသာရှိနေသည်။ဆေးပုလင်းချိတ်တာလည်းကုန်နေပြီဖြစ်၍
လီဆာ ဆေးရုံခနိးထဲမှတိတ်တိတ်ကလေးထွက်လာ
ခဲ့သည်။ဆေးရုံရှေ့တွင်အငှားကားတစ်စီးကို တားလိုက်ကာ
ဂျနိးနီ ရှိနေသည့်နယ်ဘက်သို့ ပို့ပေးရန်ပြောကြား
လိုက်သည်။
အတိတ်ကိုပြန်သတိရသွားသည့်အကြောင်း
ဂျန်းနီကို အသိပေးရမလား၊ ဒါမှမဟုတ်
အသိမပေးပဲနေရရင်ကောင်းမလားဟူ၍ လီဆာ့ရဲ့
စိတ်ထဲတွင်ဝေခွဲရခက်နေသည်။
အဲ့ဒီနေ့ကစကားသံတွေ အဖြစ်အပျက်တွေက
အခုချိနိမှာလီဆာ့ကိုခြောက်လှန့်လို့နေ၏။မင်ဟို ဆိုတဲ့ လူကို ပြန်သတိရသွားပြီးတဲ့အခါမှာ
လီဆာ့၏စိတ်တို့သည် စတင်လေးလံလာ၏။
အဲ့ဒီနေ့ကပြောခဲ့တဲ့အတိုင်းဆို ဂျနိးနီဟာမင်ဟို့
ကိုလက်ခံခဲ့တယ်တဲ့၊ ပြီးတော့ ဂျနိးနီတို့အိမ်မှာ
လည်း သူကရှိနေခဲ့တယ်။ အခုရော..
အခုထက်ထိရော. . ဘယ်လိုဖြစ်နေပြီလည်း။မေးခွန်းပေါင်းများစွာ ဟာအဖြေမရှိနေသေးပါ။
အမြဲတမ်းသေချာနေခဲ့သည့်အရာတစ်ခုကတော့
လီဆာ ဟာ ဂျန်းနီကို သိပ်ချစ်တယ်ဆိုတာပါပဲ။ကောင်းကင်ကြီး အရောင်ပြောင်းသွားပါစေဦးတော့. .
ပင်လယ်ကြီး ရေခမ်းသွားပါစေဦးတော့. .
ကိုယ်ဟာ မင်းတစ်ယောက်တည်းကိုပဲချစ်နေဦးမှာပါ. .🌸