''ပန်းလေးတွေကိုချစ်မြတ်နိုးတတ်တဲ့သူရဲ့နှလုံးသား
ဟာ နူးညံ့တယ် ကြင်နာတယ်နွေးထွေးတယ် အလှ
တရားကိုခံစားတတ်တယ် . .ပန်းလေးတွေ ကို
အချိန်တန်ရင်ညှိူးသွားတာပါပဲလို့ ခံယူထားတဲ့
မချစ်တတ်တဲ့သူတွေဟာ သိပ်ကိုသွေးအေးကြလို့
ပဲတဲ့. . .ဒါကြောင့်ပန်းလေးတွေကိုချစ်တတ်တဲ့လူ
ကိုတန်ဖိုးထားပါတဲ့''လီလီပန်းစည်းလေးတစ်စည်းအား လီဆာ့ရှေ့သို့
ထိုးပေးရင်း ဂျန်းနီပြောလိုက်သည်။''ဆေးရုံ ဆင်းခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်လီဆာ''
'' လီလီပန်းကို ကျွန်မ ကြိုက်တာ ရူဘီဘယ်လို
သိလည်း'''' အော် ကျွန်မ ကလီဆာ့အကြောင်းကိုမသိတာမရှိဘူး သူငယ်ချင်းပဲဟာ''
''ကျေးဇူးပါပဲရူဘီ''
အတိတ်ကိုမမှတ်မိသေးတာကလွဲရင်အရာအားလူံး
လူကောင်းပကတိအတိုင်းပြန်ဖြစိနေသောလီဆာ
က ဆေးရုံမှဆင်းရင်အဆင်သင့်ဖြစ်လို့နေသည်။
ပန်းတစ်စည်းနှင့်လာကြိုရှာသောဂျန်းနီကလည်း
လီဆာရဲ့အထုပ်အပိုးတစ်ချို့ကိုဆွဲကာ ဆေး
ရုံအောက်သို့ အတူတူဆင်းခဲ့ ကြသည်။''ဒါနဲ့ခုကျွန်မကဘယ်ကိုသွားရမှာလည်း ရူဘီ''
''ဘယ်ကိုရမှာလည်းလီဆာရဲ့ ၊ လီဆာ့ရဲ့အိမ်ကိုပေါ့''
''ဟေး...တက်ခဲ့ ကြဟေ့''
ကားပေါ်တွင်စောင့်နေရှာသောရိုစီက လီဆာတို့ကို
မြင်၍လက်လှမ်းပြသည်။ အထုက်အပိုးတွေကို
ထည့်ပြီးသည့်နောက် ကားလေးဟာစတင်ထွက်
ခွာလာခဲ့တော့သည်။
ချမ်းသာ တဲ့ရပ်ကွက်တစ်ခုလိူ့ယူဆရတဲ့ ရပ်
ကွက်လေးထဲကိုဝင်လိုက်တဲ့အခါမှာတော့လီဆာ့
မျက်လူံးတို့ ပြူးသွားရသည်။''ရူဘီ ကျွန်မကဒီမှာနေတာလား ဟင်''
''ဟုတ်တယ်လေ လီဆာရဲ့ ၊ လီဆာ က ခုလို
လူချမ်းသာရပ်ကွက်မှာအိမ်ကောင်းကောင်းနဲ့နေတာ''ဂျန်းနီအစား ကားမောင်းနေသောရိုစီက ကြားဝင်
ဖြေပေးလိုက်သည်။လီဆာနေတဲ့ အိမ်ရှေ့သိူ့ရောက်တော့ကားလေးကို
ထိုးရပ်လိုက်သည်။ လီဆာ မယုံနိုင်တဲ့မျက်
ဝန်းများနှင့် ကားအထဲမှခေါင်းပြူကြည့်ကာ ဆင်း
ဖို့တောင်သတိမေ့နေသဖြင့် ဂျန်းနီကသတိပေးရသည်။