'' တစ်ကယ်လား''
တစ်ယောက်ကိုဝမ်ငါးသောင်းစီပေးမည်ဟူ ၍
လီဆာပြောလိုက်သည်ကို ဖြတ်သွားဖြတ်လာအဒေါ်
ကြီးများက မယုံသလို မေးမြန်းနေကြသည်။''အဒေါ်ရယ်ကျွန်မပုံကိုကြည့်ပါ လူလိမ်ပုံပေါက်
နေလို့လား . .တစ်ကယ်ပေးမှာပါ''ထိုအခါမှသာ အဒေါ်ကြီးတစ်သိုက်သည် ကုန်တိုက်
ရှေ့ရှိအချိုရည် ရောင်းနေသောဂျန်းနီထံသို့သွားကာ
ပြေးဝယ်ကြလေသည်။ ပြီးနောကိ. .အချိုရည်
ဖိုးအပြင် အသားတင် ဝမ်ငါးသောင်း ကို
ထို အဒေါ်ကြီးများအား ရှင်းပေးရသည်။
ထိုစဥ် အဒေါ်ကြီးတစ်ယောက် ကလီဆာ့အား..''ဒါနဲ့ကလေးမ က ကိုယ်တိုင်သွားမဝယ်ပဲ
အဒေါ်တို့ကိုဘာလို့ခိုင်းတာလည်း''ပိုက်ဆံရှင်းပေးပြီးတာတောင် ထွက်မသွားသေးပဲ
စပ်စုနေ သည့်ထိုအဒေါ်ကြီးကို လီဆာမျက်မှောင်
ကြုတ်ကာကြည့်လိုကိ၏။'' တစ်ယောက်တည်းအများကြီးဝယ်ရင်
မရောင်းဘူးဆိုလိူ့ပါ''လီဆာဖြေ လိုက်တော့ ထိုအဒေါ်ကြီးသည် နား
မလည်သည့်ဟန်ဖြင့် ခေါင်းကုတ်ကာ ထွက်သွား
လေသည်။''အစ်မကြီး သားတို့ကိုလည်းပေးဦးလေဗျာ
ဒီမှာအချိုရည်ဘူးတွေပါလာတယ်''''အို ကေအိုကေ. .မင်းတို့ လေးတွေက တစ်ယောက်
ဘယ်နှစ်ဘူးပါလည်း''''နှစိဘူး. .''
''ကျွန်တော်ကသူံးဘူး''
''လေးဘူးဗျ''
''ကဲကဲ ကောင်းပြီ ဘူးအရေအတွက်များတဲ့သူက
ပိုက်ဆံပိုရမယ်. .''ကုန်တိုက်အနောက်တွင်လီဆာ ပိုက်ဆံရှင်း
ပေးနေတုန်း. .အရှေ့တွင်တော့ ဂျန်းနီသည်
အချိုရည်များကိုလက်မလည်အောင်ရောင်းနေရ၏။''ညီမလေး ခဏနော်ရမယ်. .''
''ဒီမှာနော်အစ်မ ဝမ်သူံးထောင်''
''ဟုတ်ကဲ့ကျေးဇုးတင်ပါတယ်နောက်လည်း
အားပေးပါဦး'''' အစ်မဂျန်းနီ. . ထူးဆန်းလိုက်တာနော်
ညီမတို့တစ်မနက်လူံးမရောင်းရတာ အခုမှဝယ်သူ
တွေများနေလိုက်တာ''