Part 20

599 44 9
                                    

'' ကျွန်မ က လေ ဇာတ်လမ်းကြည့်ရင်တောင်
ပျော်ရွှင် စရာ ဇာတ််သိမိးကိုပဲရွေး ကြည့်တာ၊
ဝမ်းနည်းရတဲ့ဇာတ်သိမ်းမျိုးဆို ဝေးဝေးက
ရှောင်တယ်'' 🌸

*************

'' ကျွန်မ အိပ်မက်ထဲ ကမိန်းကလေးရဲ့မျက်နှာကို
ဒီနေ့ ရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်''

ဂျန်းနီတံတွေးမျိုချလိုက်သည်။ တုန်လှုပ်ကြောက်
ရွံမူတို့ ဟာ ဂျန်းနီရဲ့ မျက်နှာပေါ်မှာ အတိုင်းသား
ပေါ်လွင်နေသည်။ လီဆာကတော့ဂျန်းနီရဲ့မျက်နှာ
ရိပ်ကိုအကဲခတ်ရင်း ပြောစရာရှိသည့်စကားကိုဆက်လက်ပြောဆိုနေ၏။

'' ဟုတ် ဟုတ်လား လီဆာ..''

'' အင်း. .. ရူဘီက ကျွန်မသူငယ်ချင်းဆိုရင်
ကျွနိမရဲ့အတိတ်ကိုသေချာပြောပြပေးပါလား''

'' ဆရာဝန်ကမှာထားတယ်လီဆာ ၊ လီဆာမမှတ်
မိသေးတဲ့အကြောင်းအရာတွေကို ပြောပြ ပြီး
အတင်းမစဥ်းစားခိုင်းရဘူးတဲ့''

'' ဒါကြောင့်မလို့..ကျွန်မနဲ့ ဂျန်းနီက လက်ထပ်ထား
ပြီးသားဆိုတာကို မပြောပြတာလား''

''ရှင်. . လီဆာ ဘယ်လိူသိ. ''

''ဒီမှာ. .''

လီဆာတို့ လက်ထပ်ပွဲနေ့ကရိုက်ထားတဲ့ဓာတ်ပုံ
albumအား ထုတ်ပြလိုက်သည်။

''ဒါကိုဘယ်ကနေတွေ့တာလည်းလီဆာ. .''

'' အခု အဲ့တာကအရေးကြီးလို့လားရူဘီ. .
ကျွန်မ ကိုညာထားတာ ကအရေးကြီးတာမဟုတ်လား''

''မဟုတ်ဘူး ကျွန်မ လီဆာ့ကို မညာခဲ့ဘူး. .''

''ဒါဆို ဘာလိူ့ ရူဘီက ကျွန်မသူငယ်ချင်းပါလို့
သတိရလာတဲ့နေ့ကပြောခဲ့တာလည်း
တစ်ခါတည်း ကျွန်မက ရှင့်ဇနီးပါလို့ဝန်ခံခဲ့လို့
ရတာပဲမလား''

'' ကျွနိမတောင်းပန်ပါတယ်လီဆာ.  .''

''ဘယ်အချိနိမှပြောပြဖို့စဥ်းစားထားတာလည်း
ဒါမှမဟုတ် ကျွန်မကဘာကိုမှမမှတ်မိတော့တဲ့
ဒုတ်ခိတ ဘဝကိုရောက်သွားလို့ ကျွနိမအနားမှာ
မနေချင်လို့ ခုလိုလိမ်ပြောခဲ့တာလား''

''မဟုတ်ဘူး မဟုတ်ပါဘူးလီဆာရယ်ကျွန်မအဲ့
ဒီသဘောနဲ့လီဆာ့ကိုလိမ်ခဲ့တာမဟုတ်ပါဘူး. .''

Unable to forgetWhere stories live. Discover now