Part 12

565 39 3
                                    

'' လီဆာ ဘာဖြစ်တာလည်းသတိထားပါဦး
လီဆာ. . .''

''မလုပ်ပါနဲ့. .ကျေးဇူးပြုပြီး. .ကျေးဇူးပြုပြီး''

''လီဆာ..''

ညသန်းခေါင်ယံအချိန် အိပ်မောကျနေရင်း လီဆာ
ဟာ ပါးစပ်ကနေစကားတွေရေ ရွတ်ပြီးလူးလွန့်
ကာ ချွေးစေးတွေ ပြန်နေသည်။ လီဆာ့အသံ
ကြောင့် ဆိုဖာပေါ်တွင်အိပ်နေသောဂျန်းနီနိူးလာခဲ့
သည်။ စိူးရိမ်တစ်ကြီးဖြင့်လီဆာ့အသားတွေကိုလှုပ်
ကာနိူးသည်။ မလုပ်ပါနဲ့ ဟူသည့်စကားကိုသာလီဆာ
ထပ်ခါတစ်လဲ လဲရေရွတ်နေသည်။ မျက်စိအစုံကို
လည်းမှိတ်ထားလျက်ရှိသည်။

'' လီဆာ သတိထားပါဦး''

'' ဟင်း. . .ဂျန်း. .ဂျန်းနီ''

''အိပ်မက်ဆိူးတွေမက်နေလို့လား လီဆာ''

'' အင်း. . .ဟုတ်တယ်. .''

''ထပါဦး ရေ သောက်လိုက်ဦးနော်''

ဟုဆိုကာ ရေတစ်ဖန်ခွက်ကိုလီဆာ့အားကမ်းပေး
လိုက်သည်။

'' ဘယ်လိုအိပ်မက်မျိူးမလို့ ဒီလောက်ထိ ချွေး
စေးတွေပြန်နေရတာလည်း''

''အိပ်မက်ထဲမှာ ဘယ်သူမှန်းမသိတဲ့အဒေါ်ကြီး
တစ်ယောက်က ကျွနိမကို ရေနဲ့ပက်တယ်. .
ပြီးတော့ ပက်ပက်စက်စက်တွေပြောဆိုနေတာပဲ
သေချာမမှတ်မိတော့ဘူး. .''

လီဆာပြောသမျှကိုဂျန်းနီသဘောပေါက်လိုက်ပါသည်။ လီဆာ အိပ်မက်မက်နေတာ အတိတ်က
အကြောင်းတွေမှန်း ဂျန်းနီအသေအချာသိလိုက်ပါ
သည်။ ကတုန်ကယင်ဖြင့်အိပ်မက်အကြောင်းကို
ကြောက်ရွံ့နေပုံ ပြောပြနေသောလီဆာ့ကိုကြည့်ရင်း
ဟိူတစ်ချိန်တုန်းက ဂျန်းနီနဲ့လက်ထပ်ရဖို့အတွက်
ဂျန်းနီရဲ့အမေနှင့်တိုက်ပွဲဝင်ခဲ့ရပုံကို ပြန်တွေးမိသွား
သည်။ လီဆာ့ကိုသနားစိတ်၊အားနာစိတ်တို့အပြင်
လီဆာ မိမိအပေါ်ဘယ်လောက်ထိ မြတ်နိုးခဲ့ကြောင်း
ဂျန်းနီစဥ်စားမိသည့်အခါမျက်ရည်များပင်ဝဲရသည်။

'' အိပ်မက်ဆိုတာ မက်ချင်ရာမက်တတ်တာမျိုးလီဆာရဲ့၊ ဘာမှ မကြောက်နဲ့တော့နော် ကျွန်မ လီဆာ့
အနားမှာရှိနေပေးမယ်. . ''

လီဆာ့ကို ကုတင်ပေါ်တွင် ပြန်လည်လဲလျောင်း
စေကာ အပေါ်မှစောင်ခြုံပေးလိုက်သည်။
ပြီးသည့်နောက်ကုတင် ဘေးနားတွင် ခုံ ယူထိုင်ကာ
လီဆာရဲ့လက်ဖဝါးများကိုဆုပ်ကိုင်လိုက်သည်။

Unable to forgetWhere stories live. Discover now