Part 24

507 38 15
                                    

''ဒီမှာ ဝန်ထမ်းလိုတယ်ဆိုလို့ရှင့်. .''

'' ကျွန်မတို့က အချိန်ပိုင်းပဲလိုတာပါအစ်မ. .''

"ရပါတယ် အချိန်ပိုင်းလည်းအဆင်ပြေ ပါတယ်''

''ဒါဆိုအထဲကိုကြွခဲ့နော်. .အင်တာဗျူးတစ်ခါထဲ
ဖြေလို့ရပါတယ်''

''ဟုတိ. .''

''ဒေါက်ဒေါက်. . သူဌေးရှင့်. . အချိန်ပိုင်းဝန်ထမ်း
နေရာအင်တာဗျူးဖြေမယ့်သူရောက်လာပါတယ်''

''ဝင်ခဲ့ပါ''

''ဟင် သူကိုယ်တိုင်ဗျူးမှာလား ဟိုက်. .''

''တွေ့ချင်လို့တမင်လာခဲ့တာ တွေ့မယ့်တွေ့ရတော့
လည်းထိပ်တိုက်ကြီးပါလား''

အခန်းတံခါးကိုတွနိးကာ ဖြေးဖြေးချင်း ဝင်လိုက်
သည်။ အလုက်စားပွဲ တွင် ထိုင်နေသည့် သူဌေး မမ
ကိုအခန့်သားတွေ့လိုက်ရသည်။ ဒီနေ့ စနေနေမို့
ထင်သည်၊ ကော်ဖီဆိုင်မှာသူရှိနေရခြင်းက။

''မင်း ကိုး. .''

''လာလေထိုင်''

ဟု ပြောသဖြင့် သူမ ရှေ့ကခုံတွင်ဝင်ထိုင်လိုက်၏ ။

ဒီနေ့တော့အားလပ်ရက်မို့ဖြစ်မည်၊ ခါတိုင်းတွေ့
နေကျလိူ ရုံးဖက်ရှင်နှင့်မဟုတ်ပေ၊ ဖြူညက်လှသည့်
သူမ အသားအရေနှင့် အပ်စပ်သည့် အဝါနုရောင်
ဂါဝန်လေး အားဝတ်ဆင်ထား၏၊ မိန်းကလေးဆန်ဆန်လှပ လှသော ကင်ဂျီဆူးသည် အခုချိန်အထိ
ရည်းစားမရှိဟုကြားရသည်။ မြင်ပါများတော့
ချစ်ကျွမ်းဝင်လာတယ်ဆိုရမလား သူမ နဲ့နီးစပ်နိုင်
ရန် ရိုစီ တစ်ယောက်အလုက်ကပြုတ်သည်နှင့်၊  အကြံရမိတာ က ကော်ဖီဆိုင်တွင်အချိန်ပိုင်းဝန်ထမ်းလုက်ရန် ဖြစ်သည်။

''တို့ဆိုင်က စားပွဲထိုး အချိနိပိုင်းလိုအပ်နေတာ. .
ပတ်ရိုစီ နေရာများမှားလာသလား''

''မမှားပါဘူး ဒီကိုပဲတမင်လာခဲ့တာ. . .
ကျွန်မတစ်ကယ်အလုက်လိုအပ်နေလို့ပါ''

''တစ်မျိူးမထင်ပါနဲ့နော်. . ရိုစီ့ လိုအရည်အချင်း
မျိုးနဲ့ ဒီနေရာက မကိုက်ညီဘူးထင်လိူ့ပါ. .
ကဲဒါဆိူစလိုက်ရအောင်လေ. . .
နာမည်?''

''ဒီမှာရှင့် မနောက်ပါနဲ့. . ကျွန်မနာမည်ကိုရှင်သိရဲ့
သားနဲ့''

Unable to forgetTahanan ng mga kuwento. Tumuklas ngayon