Part 34

598 42 1
                                    

ဆိူးလ်မြို့ကိုရောက်သည်နှင့် ကားလေးကိုလီဆာတို့
၏အိမ်အရှေ့တွင်ထိူးရပ်လိုက်သည်။

ဂျန်းနီ၏အဖေ၊ အမေ နှင့်မောင်လေးတို့သည်
ကားပေါ်မှဆင်းကာ ဂျနိးနီတို့ နောက်မှ အိမ်ထဲသို့
လိုက်ပါလာခဲ့ကြ၏ ။

'' ကိုယ့်အိမ်ကိုလိုပဲသဘောထားကြနော် အဖေ၊ အမေ
မောင်လေး''

လီဆာကပဲစတင်၍နွေးနွေးထွေးထွေးကြိုဆိုလိုက်
သည်။

''အဒေါ်ကြီး.  .အဒေါ်ကြီး. . ''

မီးဖိုချောင်ထဲကနေကပျာကယာဖြင့်အိမ်အကူ
အဒေါ်ကြီးသည်ထွက်လာ၏။

'' အထုပ်တွေကူသယ်ပေးလိုက်ပါနော်''

''ဟင်မမလေး လီဆာ ပါ ပါလာတာလား၊
ဆေးရုံကနေဘယ်လိူလုက်. .''.

''ဆင်းလိူ့ရပြီဆိုလို့အစောကြီးဆင်းလာခဲ့တာ. .
ကဲပါအထုပ်တွေအခန်းထဲသွားထည့်လိုက်နော်''

'' သမီးလီဆာ.  .နေမကောင်းဘူးလား. .
ဆေးရုံတဲ့လားဘယ်လိုဖြစ်တာလည်း''

''စိတ်မပူပါနဲ့အဖေ အားနည်းလို့ ဆေးသွင်းရတာပါ
အခူအဆင်ပြေသွားပါပြီ''

''အေးကွယ်အလုက်တွေအလွန်အကျွံမလုပ်နဲ့သမီး''
ဂျန်းနီ၏အဖေမှ စိူးရိမ်သော မျက်နှာထားဖြင့်
လီဆာ့အားပြောလိုက်သည်။ ဂျန်းနီ၏အမေကတော့
တစ်လူံးမှဝင်မပြောပဲ ငြိမ်သက်လျက်ရှိသည်။

''မမ မမလီဆာအိမ်ကြီးက ရှယ်ပဲဗျာအရမ်းမိုက်တာပဲ''

ဂျနိးနီ၏ မောင်လေးမှ လီဆာ့ အိမ်ကို လှည့်ပတ်
ကြည့်နေရင်းမှ ပြောလိုက်သည်။

'' ဟတ်ဟတ် စိတ်ကြိုက်နေနော်မောင်လေး. .
မမတို့အိမ်မှာ မင်းပျော်သလောက်နေလို့ရတယ်''

''ဟုတ်''

''ဟဲ့ အငယ်ကောင် ပန်းအိုးတွေလျောက်မကိုင်နဲ့လေ
ကွဲကုန်မယ်. .''

ဂျနိးနီမှ ဟိုကိုင်ကြည့်ဒီကိုင်ကြည့်လုက်နေသည့်
မောင်ဖြစ်သူကိုပြောလိုက်သည်။

''အမလေးဂျန်းနီရယ် ဒါလေးကိုင်တော့ဘာဖြစ်
သလည်း ည ည်းနဲ့အေ''

ထိုအခါမှဂျန်းနီအမေ၏ပါးစပ်မှအသံထွက်လာတော့
သည်။

'' ဟုတ်သားပဲရူဘီရယ်..ထားလိုက်ပါ. .
ကဲအမေတို့လည်းပင်ပနိးလာရောပေါ့နားလိုက်
ကြဦးနော်''

Unable to forgetWhere stories live. Discover now