Part 22

626 41 10
                                    

''ဟဲလိုလီဆာ. .နေကောင်းတယ်နော်''

''ကောင်းပါတယ်အစ်မဂျီဆူးရဲ့. . .''

''တို့ကလီဆာနေကောင်းရဲ့လားသိချင်လို့ဖုနိးဆက်
လိုက်တာပါ လီဆာအခုအားလားဟင်'

''ဟုတ်အားပါတယ် လီဆာလည်းအစ်မဂျီဆူးကိုသတိရနေတာ. .''

'' ဟို ဂျန်းနီရောပြန်ရောက်ပြီလား. .''

''ပြန်မရောက်သေးဘူးအစ်မဂျီဆူး''

''အော်ဒါဆို မစ်စတာဂျွန်နဲ့ညစာစားပွဲသွားတယ်နဲ့
တူတယ်''

''ညစာ စားပွဲဟုတ်လားအစ်မဂျီဆူး''

''ဟုတ်တယ်လေ လီဆာ့ကိုပြောမပြဘူးလား''

''အိမ်ပြန်နောက်ကျမယ်လို့တော့ဖုန်းဆက်တယ်''

'' လီဆာ့ကို တို့တစ်ခုသတိပေးစရာရှိတယ်သိလား. .
ဂျန်းနီကိုလေ မစ်စတာဂျွန်နဲ့ သိပ်လွှတ်မထားပါနဲ့''

''ဘာဖြစ်လိူ့လည်းအစ်မဂျီဆူးရဲ့. .''

''အဲဲ့ဒီလူ ကြည့်ရတာဂျန်းနီကိုသဘောကျနေတဲ့ပုံပဲ. .
ဂျနိးနီက လီဆာ့ရဲ့ဇနီးဆိုတာကိုလီဆာ သိသွားပြီလို့
မနက်က ဂျန်းနီပြောတယ် . . လီဆာ့ရဲ့ဇနီးကို
အဲ့လိူမလွတ်ထားနဲ့နော် တစ်မျိူးတော့မထင်ပါနဲ့
တို့က ဂျနိးနီကိူယုံပါတယ်. .မစ်စတာဂျွန်ကိုတော့
ခုမှတွေ့ရတဲ့သူမလို့လေ''

''ခုလိူစိတ်ပူပြီးသတိပေးတာအစ်မဂျီဆူးကို ကျေးဇူး
တင်ပါတယ်. .ဒါနဲ့ညစာ စားပွဲကဘယ်မှာလည်း''

''နမ့်ဆန်တာဝါ..''

ဂျီဆူးနှင့်ဖုနိးပြောပြီးပြီးချင်းအဝတ်အစားလဲ ၍
ဒါရိုင်ဘာကို ခေါ်ကာ နမ့်ဆန်တာဝါဆီသို့ လီဆာ
ထွက်လာခဲ့တော့သည်။
ဆိုင်အဝကိုရောက်တော့ အဲ့ဒီမှာရှိတဲ့ဝန်ထမ်းက
စားသောက်ဆိုင်ပိတ်သွားပြီဖြစ်၍ လက်မခံတော့
ကြောင်းပြောသည်။

'' အထဲမှာတစ်ဆိုင်လူံးကို ဘိုကင်တင်ထားတဲ့လူ
ရှိလို့ပါ အစ်မ ဝင်လို့မရသေးပါဘူး. .''

''နေပါဦး.  .အထဲက လူတွေနဲ့ကျွန်မကမိတ်ဆွေ
ပါ. .ဝင်ပါရစေ. .''

ဟု ဝနိထမ်းတွေကိုအတင်းပြောကြား ကာ ဆိုင်အထဲ
သို့ဝင်လာခဲ့တော့သည်။ ဆိုင်ထဲတွင်မျက်စိဝှေ့ကြည့်
လိုက်တော့ အလယ်ရှိစားပွဲဝိုင်းတစ်ခုတွင် ဇနီးဖြစ်သူ
နှင့် ဇနီးဖြစ်သူရှေ့တွင်ပန်းတစ်စည်းဖြင့်ဒူးထောက်
လျက်ရှိနေသော မစ်စတာဂျွန်ကိုတွေ့လိုက်ရ၏။

Unable to forgetUnde poveștirile trăiesc. Descoperă acum