Part9

626 42 8
                                    

''လူနာက ခေါင်းကို ပြင်းပြင်းထန်ထန် ဆောင့်မိတဲ့
အတွက်ကြောင့်မလို့ သွေးခဲသွားပါတယ်''

''ရှင်. . .ဘယ်လိုဖြစ်သွားမှာလည်းဟင် ဆရာ
ကယ်ပါဦးနော် သူ့ကို ကယ်ပေးပါဦး''

''စိတ်အေးအေးထားပါမိန်းကလေး၊ ခု ခွဲစိတ်
ကုသဖို့အတွက်လူနာရှင်ရဲ့ခွင့်ပြုချက်လာတောင်း
တာပါ''

'' ခွဲစိတ်လိုက်ရင်ပြန်ကောင်းလာမှာလားဆရာ''

'' အင်း ၆၀ ရာခိုင်နှုနိးတော့အာမခံပါတယ်၊
ကျွန်တော်တို့လည်းအစွမ်းကုန်ကြိုးစားပေးပါ့မယ်''

''ရှင် ၆၀ ရာခိုင်နှုန်းပဲလား ဟင်''

''ကျန်တာကတော့လူနာရဲ့ အသက်ရှင်ချင်စိတ်
ပေါ်မှာမူတည်ပါတယ်၊ လွယ်လွယ်နဲ့အရူံးမပေးလိုက်
ဖို့ပဲဆုတောင်းရမှာပဲ''

ခွဲစိတ်ခန်းထဲမှာ လီဆာ့ကိုအရေးပေါ်ခွဲစိတ်ကုသနေ
ကြသည်၊ဂျနိးနီ ၊ ဂျန်းနီရဲ့အဖေနှင့်အမေပါအပြင် ရိုစီလည်း အရေးပေါ်ခန်းအရှေ့သို့ ရောက်
ရှိနေကြသည်။

'' ရိုစီ နင် သိလား သူဒီလိုဖြစ်ရတာငါ့ကြောင့်ပါဟာ၊
ငါသာ သူ့ကိုပြန်မလွှတ်ခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာမှာ
မဟူတ်ဘူး''

''ဘယ်ဟုတ်မလည်း ဂျန်းနီရယ်၊ ဖြစ်ရမယ့်ကံပါလာ
လို့ဖြစ်သွားရတာပါ၊ နင့်အပြစ်မဟုတ်ပါဘူး
ငါတို့ လီဆာပြန်ကောင်းလာအောင်ဆုတောင်းရမယ်လေ ၊ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့''

''ဟုတ်သားပဲသမီးရယ်. .''

ဂျန်းနီရဲ့အမေကလည်း ဂျန်းနီရဲ့အနားတွင်ထိုင်ကာ
သမီးဖြစ်သူအားရင်ခွင်ထဲ့သို့ထွေးပွေ့ထားကာနှစ်
သိမ့်ရှာသည်။ ခွဲစိတ်ခန်းရှေ့တွင်ခေါက်တုံ့ခေါက်ပြန်
လျှောက်ကာ လီဆာခွဲခန်းထဲကထွက်အလာကို
စောင့် မျှော်နေကြသည်။

''လက်မလျော့လိုက်ပါနဲ့လီဆာ၊ ကျွန်မ စောင့်နေတာ
မလို့ သေချာပေါက်ပြန်လာခဲ့ပါ. .လက်မလျော့လိုက်ပါနဲ့. .''

ခြောက်နာရီကြာပြီးသည့်နောက်. .ခွဲစိတ်ခန်းထဲမှ
ဆရာဝန်တစ်ချို့နှငိ့သူနာပြုတစ်ချို့ ထွက်လာကြသည်။

Unable to forgetWhere stories live. Discover now