Part 19

542 46 6
                                    

''မစ်စ်လီဆာ.  .နေကောင်းတယ်နော်
မတွေ့တာတောင်ကြာပြီ''

''ဟူတ်ကဲ့ နေကောင်းပါတယ်မစ်စတာဂျွန်''

''လီဆာ ဘာလာဝယ်တာလည်း. .လိုတာရှိလို့လား''

'' အပျင်းပြေ လျောက်ကြည့်ဖို့လာတာပါ
အိမ်မှာနေရတာပျင်းလာလို့လေ ရူဘီရော. .''

'' ရူဘီတို့က အရောင်းတွေစစ်ဖို့လာတာ. .၊ နေ့
လည်စာရောလီဆာ''

''မစားရသေးဘူး''

''အော် မစ်လီဆာ မစားရသေးရင်ကျွန်တော်တို့နဲ့အတူတူစားသွားလေ . .''

မစ်စတာဂျွန်ရဲ့ဖိတ်ခေါ်မူကြောင့် နေ့လည်စာအတူတူ
စားဖို့ ဖြစ်လာခဲ့ရာကုန်တိုက်အတွင်းရှိစားသောက်
ဆိူင်တစ်ခုသို့ရောက်လာခဲ့ကြသည်။

''လီဆာ စားနော် ၊ ဒါကစပ်တယ် ၊ ငါးကြော်
လေးစားနော်''

လီဆာ့ဘေးတွင်ကပ်ထိုင်ကာ ဟင်းမှန်သမျှလီဆာ့
ပန်းကန်ထဲသို့ဂျန်းနီထည့်ပေးနေသည်။ မျက်နှာ
ချင်းဆိုင်တွင်တော့ တူ ကို ကိုင်၍ ဂျန်းနီတို့ကို
ကြည့်ရူနေသော မစ်စတာဂျွန်။

''ရူဘီလည်းစားလေ.  .ကျွနိမထဲပဲထည့်ပေးနေတာ
ရော့ ရူဘီလည်းငါးကြော်ကြိုက်တယ်မလား''

'' ဟတ်ဟတ်နှစ်ယောက်စလူံးကငါးကြော်ကြိုက်
ကြတယ်နဲ့တူတယ်.  .များများစားနော်''

''ဟူတ်ကဲ့. .''

''မစ်လီဆာ ကအိမ်မှာပဲနေနေရတော့ ပျင်းမှာပဲနော်
အလုပ်ပြန်ဆင်းဖို့စိတ်ကူးမရှိဘုးလား''

'' တစ်တကယ်တော့စိတ်ကူးရှိပါတယ်. .
ကျွန်မလည်းဘာမှမလုက်ပဲနေရတာ တော်တော်လေးပျင်းနေပြီ''

''ကောင်းတာပေါ့ဗျာ အဲ့သတင်းကိုသာCEOကြား
ရင်သိပ်ဝမ်းသာနေမှာ''

လီဆာနှင့်ဂျွန်တို့စကားပြောနေတုန်းထမင်းကိုသာ
ငုံ့စားနေသောဂျန်းနီထံ မစ်စတာဂျွန်ရဲ့အကြည့်
တို့ရောက်သွားသည်။

''ဂျန်းနီရှီး ကန်တော့နော်. . ''
ဟုဆိုကာ ရုတ်တစ်ရက်ဂျနိးနီနှုတ်ခမ်းစပ်တွင်
ပေနေသည်ကိုတစ်ရူးဖြင့် ဂျွန်သုတ်ပေးလိုက်သည်။

Unable to forgetDove le storie prendono vita. Scoprilo ora