Part23

573 46 5
                                    

''အလုက်ဆင်းမယ်ဟုတ််လား. .''

''ဟုတ်တယ်လေ ဒီနေ့ကစပြီး ကျွန်မ ရူဘီနဲ့
အလုက်သွားအလုက်ပြန်အတူတူလုပ် မယ်''

'' နေပါဦး. . လီဆာ အလုက်ကိတ်စတွေနဲ့
ပက်သက်ပြီး မှတ် မိလာလို့လား''

''ဟင့်အင်း. . ဒါပေမယ့် အရင်ကလုက်ဖူးခဲ့တဲ့
အလုပ်တွေပဲဟာ  ကျွန်မ အလိုလျောက်သိရင်သိနေမှာပေါ့ ​ပြီးတော့ ကူညီပေးမယ့်သူတွေလည်းတစ်ပုံ
ကြီးရှိတယ် ရူဘီလည်းရှိတယ်''

'' ရူဘီကတော့ဝမ်းသာတာပေါ့ . . ''

''ဒါဆို အရင်ဆူံး အကျီရွေးပေး၊ အနက်ဝတ်ရမလား
အပြာဝတ်ရမလား''

''ပထမနေ့ဆိုတော့. . အပြာက ပိုအဆင်ပြေမယ်''

အပြာရောင်suitကို ကျကျနနဝတ်ဆင်လိုက်တဲ့အခါ
ဂျန်းနီတစ်ယောက် လီဆာ့ထံမှ မျက်လူံးပင် မခွာ
နိုင်အောင် ငေးမောနေမိသည်။ မိန်းကလေးလိုလည်း
လှတဲ့အပြင် ယောက်ကျားတစ်ယောက်အသွင်အပြင်
လိုပါချောမော ခန့်ညားနေသည့်လီဆာ့ပုံစံကို ဘယ်မိန်းကလေးမဆို မြင်လျှင်အခုလိူပဲငေးမောနေမိမှာ
သေချာပါသည်။ အဝတ်အစားလဲ ပြင်ဆင်ပြီးတဲ့
နောက် အလုက်အတူတူသွားရန် အိမ်ရှေ့သို့ထွက်
ခဲ့ ကြသည်။ ဂျန်းနီသည် အပေါ်က ပန်းရောင်
တီရှပ်အကျီလက်ရှည်ကိုလက်ခေါက်ကာ ၊
စကပ်အသား ရောင် ဒူးအထက်လေးး ဖြင့်တွဲဖက်ဝတ်ဆင်ထားသည်။ ခါးအလယ်လောက်ရှိသည့် အနက်ရောင်ဆံနွယ်များကိုလည်း ဖဲ ပြားတစ်ခုဖြင့်စုချည်ထားသည်။
အိမ်ရှေ့ဆင်ဝင်တွင်ထိုးထားသည့် ကားပေါ်သို့
လီဆာမတက်ခင် ဂျန်းနီ၏ အနောက်မှနေ၍
ဂျန်းနီ၏ ဆံနွယ်တွင် ချညိနှောင်ထားသည့်ဖဲကြိူး
ပန်းရောင်အား ဖြည်ချလိုက်သည်။

''ဘာလုက်တာ လည်း ''

'' ဆံပင်မစည်းနဲ့. . မလှလို့..လာတက် သွားမယ်''

''လီဆာမောင်းမှာလား''

''ကျွန်မ ကားဘယ်လိူမောင်းရမလည်း မှမမှတ်မိတာ
ရူဘီပဲမောင်း''

ဒီလိုနဲ့ ဂျနိးနီမောင်းတဲ့ ကား ကိုစီးပြီး company
သို့ ဦးတည်ခဲ့တော့သည်။

'' အလုပ်ပြနိဆင်းတာ ဂုဏ်ယူပါတယ်ဒါရိုက်တာ
လီဆာ '' ဟုဆို ကာ companyထဲသို့ဝင်ဝင်ချင်းပင်
CEOကိုယ်တိုင် ပန်းစည်း ကိုင်လျက်ကြိုဆိုသည်။

Unable to forgetWhere stories live. Discover now