Part 10

617 38 7
                                    

အတိတ်

'' ဘာလို့ မေပယ်ရွက်ကြွေတွေလိုက်ကောက်နေတာ
လည်း''

''သဘောကျလို့လေ. .''

''ဘယ်လို''

''ဒီရွက်ကြွေလေးတွေကိုကောက်ပြီး သိမ်းထားရတာ
ကို ဘာလို့​မှန်းမသိ ရူဘီသိပ်သဘောကျတာပဲ
အိမ်မှာလည်း စာအုက်တွေကြားမှာ မေပယ်ရွယ်
ကြွေတွေ အပြည့်ညှပ်ထားတယ်'' 🍁  🍁 🍁

'' ရော့. .''

မေပယ်ရွက်ကြွေတစ်ချို့အား လီဆာရဲ့လက်ထဲသို့
ဂျန်းနီထည့်ပေးလိုက်သည်။

''ဒါတွေက.. ''

''လီဆာ့ကိုပေးတာလေ ၊သိမ်းထားဖို့. .
ဘယ်မှာပဲသိမ်းထားထား ဘယ်ချိန်မဆို ထုတ်ကြည့်
ကြည့် မေပယ်ရွက် ကအရမ်းလှတယ်. .''
 🍁  🍁  🍁  🍁
 
''အသစ်မခူး ပဲ ဘာလို့အဟောင်းတွေပဲ
သိမ်းချင်ရတာလည်း''

'' အပင်ပေါ်မှာရှိနေတဲ့အသစ်တွေ ကိုခူးဖို့က
နှမြောစရာကောင်းတယ်လေ.. ကြွေကျသွားတဲ့
အရွက်လေးတွေကို ပစ်လိုက်ဖို့ဆိုတာကလည်း
သိပ်နှမြောဖို့ကောင်းတယ်. .၊ အဟောင်းမှာ
လည်းသူ့တန်ဖိုးနဲ့သူရှိပါတယ်''

လက်ထဲသို့ရောက်ရှိနေတဲ့မေပယ်ရွက်တစ်ချို့ကို
ငုံ့ ကြည့် ပြီးနောက် လီဆာ ဂျန်းနီကိုတစ်ချက်ကြည့်
လိုက်သည်။ ဂျန်းနီက လီဆာ့ကို စိတ်လိုလက်ရ
ပြုံးပြလိုက်သည်။

'' မင်းပြောတော့ ကိုယ့်ကိုအရေးတစ်ကြီး ပြောစရာ
ရှိလို့ဆို. .''

''ဟုတ်တယ်''

''ပြောလေ''

'' လီဆာ. . ဟို..ကျွနိမလေ.. . .
အခုအရမ်းပျော်တယ်၊
အလုပ်လုပ်ရတာကိုလည်းပျော်တယ်၊
ကျွန်မ ဘဝကိုအရင်နဲ့မတူပဲဖြတ်သန်းနေရတာကို
လည်းပျော်တယ်၊ အရင်က ခြောက်ကပ်ကပ်နဲ့
ကျွန်မဘဝက လီဆာနဲ့တွေ့ဆုံပြီးနောက်ပိုင်းမှ
စိုစိုပြေ ပြေဖြစ်လာတယ်ဆိုရမလား၊
ကျွန်မလီဆာ့ကိုသိပ်ကျေးဇူးတင်တယ်သိလား. .
ကျွန်မရဲ့ဘဝကအသစ်ဖြစ်နေသလိုပဲခံစားရတယ်..
လီဆာနဲ့အတူရှိနေရင် ကျွန်မ ပင်ပန်းရတာတွေ
မေ့သွားတယ်. . ကျွန်မတို့ဆုံခဲ့တဲ့အချိန်ခဏအတွင်း
မှာ . .သဘောပေါက်လာတာက . .ဟို. .

Unable to forgetWhere stories live. Discover now