Part 21

558 49 6
                                    

အိပ်ရာအထက်တွင်အိပ်စက်နေရင်း နိူးလာတော့ မနက်၇နာရီဆယ်မိနစ်ခန့်ဖြစ်မည်။ ခေါင်း အရမ်းထိုးကိုက်နေတဲ့ ဝေဒန ာကိုလီဆာအလူးအလှဲ
ခံစားနေရသည်။ ဆရာဝန်က ဆေးရုံမှမဆင်းမှီ
အရက်သေစာမသောက်စားရန်မှာကြားလိုက်သော်
ငြားလည်း လီဆာနားမထောင်ခဲ့သဖြင့်အခူလိုခံစား
နေရခြင်းဖြစ်သည်။

''အား. .ကျွတ် ကျွတ် ကျွတိ. .ခေါင်းကိုက်လိုက်တာ''

ဟု ငြီးတွားရင်း ထကာ အိပ်ရာဘေးနား ရှိစားပွဲခုံပေါ်
တွင်အဆင်သင့်ရောက်ရှိနေသောအကိုက်အခဲပျောက်
ဆေးတစ်လုံးကိုအရန်သင့်ရှိနေပြန်သည့်ရေတစ်ဖန်
ခွက်ဖြင့်သောက်ချလိုက်သည်။ ​ပြီးနောက် မထသေး
ပဲ အိပ်ရာထက်တွင်ဆက်လက်မှိန်းနေလိုက်သည်။
ခဏကြာတော့ အခန်းထဲသို့ဝင်လာသည့်ခြေသံ
တစ်ခုကိုကြားလိုက်ရသည်။သို့ပေမယ့်မှိတ်ထားတဲ့
မျက်လုံးတွေကိုတော့ဖွင့်မကြည့်ပေ။

''လီဆာ. .''

''နိုးနေပြီဆိုတာကျွန်မသိပါတယ်. .ရူဘီ့ကိုစကား
ပြောခွင့်ပေးပါနော်''

အိက်ယာပေါ်တွင်မှိန်း နေလျက်ရှိသည့်လီဆာသည်
ထိုအခါမှ မျက်လုံးအစုံပွင့်လာတော့၏။ လှဲနေရာမှ
ထကာဂျန်းနီကိုလျစ်လျူရူဟန်ဖြင့် အခန်းထဲမှ
ထွက်မည် ပြင်တော့ လီဆာရဲ့လက်ကောက်ဝတ်ကို
ဖမ်းဆုပ်ကိုင်လိုက်သည်။

''ကျွန်မ ဘာမှပြောစရာမရှိဘူးရူဘီ''

''ရူဘီအမှန်အတိုင်းမပြောဖြစ်ခဲ့တာ က...
တစ်ကယ်တော့ ရူဘီ တို့ က ကွာရှင်းဖို့အထိဖြစ်
ခဲ့တာလီဆာ''

''ဟင်. .''

''ဟုတ်တယ်''

''ဒါဆို ကွာရှင်းတောမှာမလို့ သူစိမ်းတွေလိုမသိချင်
ယောင်ဆောင်ခဲ့တဲ့သဘောလား''

''မ မဟုတ်ပါဘူး. .ကျွန်မကိုကြည့်ပါလီဆာ. .
ကျွန်မလေ အရာအားလူံးအတွက်တစ်ကယ်ကို
တောင်းပန်ပါတယ်. .လမ်းခွဲဖို့အထိဖြစိခဲ့တာကလည်းကျွန်မအမှားတွေကြောင့် ပါ၊ ကျွန်မလေ
လီဆာ့ကိုကောင်းတဲ့အမှတ်တရတွေပဲအမှတ်
ရစေချင် တာ ၊ ကျွန်မကလေ လီဆာ့အတွက်
မကောင်းတဲ့မှတ်ညဏ်အစိတ်အပိုင်းထဲမှာအပါဝင်
ဆူံးလူဖြစ်နေလို့ပါ''

Unable to forgetWhere stories live. Discover now