Part 29

556 42 3
                                    

'' ရှင်မှားနေပြီမစ်စတာဂျွန်. . . .ကံကြမ္မာ
ဆို တာ သတ်မှတ်ထားပြီးသား ပါ. .
ရှင်အဲ့ဒီအချိန်တုနိးက ရူဘီနဲ့နီးစပ်အောင် ကြိုးစား
ခဲ့မယ်ဆိုရင်လည်း . .ရူဘီချစ်တဲ့သူက ကျွန်မပဲ
ဖြစ်နေမှာ . .ရှင် ရူဘီ့ကို ဘယ်အချိန်ကပဲတွေ့ခဲ့
တွေ့ခဲ့. . . .ကျွန်မဇနီးသည်ဖြစ်လာမှာကိုတော့
ဘယ်လိူမှပြောင်းလည်းလို့ရမှာမဟုတ်ဘူး. .
ဖူးစာဆိုတာ ဘယ်သူမှကြားဝင်ရူပ်လို့မရဘူးရှင့်. .''

ဟူဆိုကာ . .ရှေ့တွင်ချထားသည့် ဆိုဂျူးတစ်ခွက်ကို
လီဆာမော့ချလိုက်၏။

မစ်စတာဂျွန်သည် လီဆာ၏ပြောစကားကို နားထောင်၍တစ်ချက်ပြုံးလိုက်သည်။

''မစ်စ်လီဆာပြောတာ မှန်ပါတယ်. . အရာအားလုံး
ဟာ ရေးထားပြီးသားစာအုပ်တစ်အုပ်ပါပဲ. .
ကျွန်တော်တို့ကသာ ကိုယ့်အတွက်မဟုတ်တာကို
မှားယွင်းပြီးချစ်ခဲ့မိကြတာ''

''ချစ်မိတာအပြစ်မရှိပါဘူး ဘာကအပြစ်ရှိလည်း
ဆိူတော့. . ပိုင်ရှင်ရှိ​နေပြီးသားမိန်းကလေးကိုချစ်
မိတာက အပြစ်ရှိတာပါ မစ်စတာဂျွန်. .
လောကကြီးမှာမချိူးဖောက်သင့်တဲ့စည်းဆိုတာရှိပါတယ်. . တစ်ဖက်ကလိုလိုလားလားမရှိတဲ့အချစ်
မျိုးကိုရှေ့ဆက်မတိူးသင့်သလို. .
ပိုင်ရှင်ရှိနေရင် ရှောင်ရပါတယ်. .ဒါကိုမစ်စတာဂျွန့်
လိုပညာတတ်တစ်ယောက်က သဘောပေါက်လိမ့်
မယ်လို့ကျွန်မမျှော်လင့်ပါတယ်''

''ကျွန်တော်သဘောပေါက်ပါတယ်. .မစ်စ်လီဆာ. .
အစကတ​ည်းက မနိုင်ခဲ့တဲ့ကစားပွဲကို ကျွန်တော်ထပ်ပြီး အရူံးပေးလိုက်ပါတယ်. .
ကျွန်တော်တို့မိတ်ဆွေအဖြစ်တော့ ဆက်ရှိလို့ရတယ်
မဟုတ်လား''

မစ်စတာဂျွန်ရဲ့ ဆိုဂျူးခွက်ထဲသို့လီဆာ ဆိုဂျူး
ပြန်ငှဲ့ပေးလိုက်ပြီးနောက်. .

''ကျွန်မအစကတည်းက မစ်စတာဂျွန့်ကိုမိတ်ဆွေ
တစ်ယောက်လိူပဲသဘောထားခဲ့တာပါ''

အရက်ခွက်ကို အချင်းချင်း တိုက်လိုက်ကြပြီး. .
ရူဘီဂျိန်းကို ချစ်တဲ့လူနှစ်ယောက်ဟာ ငြိမ်း
ချမ်းရေးယူလိုက်ကြပါတော့သည်။

''မင်းတို့ကနှစ်ယောက်အား ပဲ ကိုယ်ရူံးပါတယ်''

ဆိုသည့်စကားလေးဟာ မစ်စတာဂျွန့်အတွက်ဖြစ်ခဲ့
ပါတယ်၊ ဟိုးတစ်ချိန်ကတည်းက မြတ်နိုးခဲ့ရတဲ့
မိန်းကလေးကို သူမြတ်နိူးရတဲ့လူရဲ့လက်ထဲ
မှာပျော်ရွှင်နေတာမြင်ရတာ ကြည်နူးစရာပါလားဟု
လေးလေးနက်နက်မြင်မိတဲ့အချိန်မှာ . .
မစ်စတာဂျွန် ဟာ သူ့အမှားတွေကိုဝန်ချတောင်းပန်
ခဲ့ပါတော့သည်။ 💔
************************************

Unable to forgetWhere stories live. Discover now