Part 17

601 45 7
                                    

'' အဒေါ်ကြီးဘယ်လိုဖြစ်တာလည်း.  .လီဆာ
ရော''

'' နေ့ခင်းက နွားနို့ကုန်သွားလို့သူကိုယ်တိုင်သွား
ဝယ်မယ်ဆိုပြီးထွက်သွားတာပဲမမလေးရယ်. .
နှစ်နာရီကျော်နေပြီ အခုထိပြန်မရောက်လာသေးဘူး''

'' လမ်းထိပ်က martမှာရော သွားရှာပြီးပြီလား''

'' ချန်းဆောင်းကိုရှာခိုင်းလိုက်ပြီးပြီ မမလေး. .
ဒါပေမယ့်မတွေ့ခဲ့ဘူး ကျွန်မတို့ဘယ်လိုလုက်ကြ
မလည်း''

''ဒုတ်ခပါပဲ ဖုန်းလညိးမကိုင်ဘူး. .
စက်ပိတ်ထားပါတယ်တဲ့. .
လီဆာက အရာအားလူံးကိုမေ့နေတာ. .
လမ်းတွေကိုလည်းသူမှတ်မိမှာမဟုတ်ဘူး.
ဒါမှမဟုတ်. . ခေါင်းကိုက်လို့များလမ်းမှာ လဲ
ကျနေတာများလား.  . ကျွန်မရူးတော့မယ်. .''

'' ဂျန်းနီ ဘာဖြစ်တာလည်း''

'' ရိုစီနင်လာတာနဲ့အတော်ပဲ ငါ့နဲ့အတူလိုက်ခဲ့ပါ''

''ဘယ်ကိုလည်း''

''လီဆာ့ကိုရှာဖို့. .  .''

ဆေးဝယ်ဖို့ ဂျန်းနီ ခဏ​အပြင်ကိုထွက်သွားရာ
အိမ်ကနေထွက်သွား​ပြီးပြန်မလာသေးသည့်လီဆာ
ကြောင့် ရင်ထဲမီးလိုပူလောင်နေရသည်။
ဘယ်မှသွားတတ်လာတတ်ဦးမှာမဟုတ်သည့်
အတွက်တစ်ခုခုဖြစ်နေပြီလားဟု
ခြေမကိုင်မိလက်မကိုင်မိဖြစ်နေစဥ် ရိုစီ အိမ်သို့
ရောက်ရှိလာသဖြင့် လီဆာ့အားရှာဖွေရန်ထွက်လာခဲ့သည်။

''အရင်ဆုံး စတိူးဆိုင်ရှိတဲ့လမ်းကြားတွေကို
အရင်ရှာကြည့်ရအောင်. .ရိုစီ''

''အင်း ကောင်းပြီ ငါက ဟိုဘက်ရပ်ကွက်ကိုသွားမှာမလိူ့. .နင်ကဒီလမ်းကနေသွား''

''အင်း''

ဒီလိူနဲ့လူစုခွဲကာ အိမ်မှာရှိသည့်အလုက်သမားတွေ
ပါမကျန် လီဆာ့ကိုလိုက်လံရှာဖွေ ကြသည်။

''လီဆာ.. လီဆာ..လာ လီဆာ..''

''ဘယ်မှာလည်းလီဆာရယ် ကျွန်မစိတ်ပူလို့သေ
တော့မယ်''

ဂျန်းနီတို့အိမ်အနီးရှိ လမ်းများအားလူံးနီး
ပါးကို လိုက်လံရှာဖွေပြီးစီးသည်အထိတိုင် လီဆာ့ကို
မတွေ့ပေ။ ဂျနိးနီအတော်လေးခြေ ကုနိလက်ပန်းကျ
နေပြီဖြစ်သည်။

Unable to forgetWhere stories live. Discover now