Part 6

601 40 10
                                    

အတိတ်. .

''အဖွဲ့မှူး လီဆာ.  .''

''ဝင်ခဲ့ပါ. .''

''ဟို ကျွန်မ လက်မှတ်လေးလိုလိူ့ပါ''

'' အင်း ရတယ်ထိုင်လေ ''

အသစ်စက်စက်ဝန်ထမ်းအသစ်ကလေးက အဖွဲ့
မှူးလီဆာရဲ့ ဌာနအောက် ၊ လက်အောက်မှာတာဝန်တွေကိုစတင်ရသည်။ ဂျန်းနီ ​မြင်ချင်တဲ့မျက်နှာ
လေးကို နေ့ရက်တိုင်းမြင်ရတော့မှာဖြစ်သည်။
အလုပ်အတည်တကျတစ်ခုကိုလည်းလုက်ကိူင်နေရ
ပြီဖြစ်၍ ခုအချိန်တွင် ဂျန်းနီထက်ပျော်ရွှင်နေရ
လောက်မည့်သူမရှိဟုပင်ထင်မိနေသည်။

''ဟို ရူဘီ၊ နေ့လည်စာအတူစားကြမလား''

''ရှင်၊ အော် ဟို ဟုတ်ကဲ့''

လီဆာ က နေ့လည်စာအတူတူစားမယ်ပြောတော့
စကားတွေတောင်အယောင်ယောင်အမှားမှားဖြစိ
မိတဲ့ဂျန်းနီရယ်ပါ။ ဒီလိုနဲ့နေလည်စာ ပါအလကား
ကျွေးတဲ့companyရဲ့ကန်တင်းကိုနှစ်ယောက်သား
ရောက်ရှိလို့လာခဲ့ကြသည်။

'' ဝါး အစားသောက်တွေက တကယ်အရသာ
ရှိတာပဲ''

''ဟတ်ဟတ် အများကြီးစားပါလို့တော့မပြောတော့
ဘူးနော် လုံလုံလောက်လောက်အများကြီးစားနေတာမို့''

ဘယ်အစားသောက်မဆိုလူကောင်သေးသလောက်
ကောင်းကောင်းစားနိုင်တဲ့ဂျန်းနီအကြောင်းကို
သိသဖြင့်လီဆာ နောက်လိုက်သည်။

''ဟီး. .''

ဂျန်းနီကတော့သွားလေးတွေစိကာ ရယ်ပြနေသည်။
နှစ်ယောက်သားမျက်နှာချင်းဆိုင်ပြီး ကြည်ကြည်
နူးနူးနေ့လည်စာကိုသူံးဆောင်နေကြစဥ် ဆိုမီက
ပါစားပွဲတွင်ဝင်ထိုင်လာသည်။

''အဖွဲ့မှူး စားလို့ကောင်းရဲ့လား''

''ကောင်းတာပေါ့ ဆိုမီ''

'' ဒီဟာကအဖွဲ့မှူးကြိုက်တဲ့ပုစွန်ကြော်မလား၊ ဆိုမီကပုစွန်အလက်ဂျစ်ရှိလို့ အဖွဲ့မူးသူံးဆောင်ပါနော်''

လီဆာ့ရဲ့ဘေးမှာဝင်ထိုင်ပြီး နောက်လီဆာ့ထမင်း
ပန်းကန်ထဲကိုပုစွန်ကြော်တွေထည့်ပေးနေသော
ဆိုမီဆိုသည့်အတွင်းအရေးမှူးဖြစ်သူအား ဂျန်းနီ
ကြည့်မရဖြစ်လာသည်။ ဂျန်းနီ၏စိတ်ထဲတွင် သူက
ဘာလည်း၊ ဘယ်လိုပက်သက်တာမျိုးလည်းဆိုသည့်
မေးခွန်းတို့သာပဲ့တင်ထပ်နေတော့သည်။ ဆိုမီ့ကို
စူးစူးရဲရဲစိုက်ကြည့်နေရင်းကနေ လီဆာ့ရဲ့ပန်းကန်ထဲရှိပုစွန်ကြော်များ ကို တူဖြင့်ဆွဲယူညှပ်ကာ ပါးစပ်ထဲ
သို့မပြောမဆိုကောက်ထည့်လိုက်သည်။

Unable to forgetWhere stories live. Discover now