Part 2

810 43 0
                                    

လွန်ခဲ့သောဆယ်နှစ်ကျော်ကဖြစ်သည်။

'' ရား ရိုစီ အမြန်လာပါ၊ အချိန်ပိုင်းအလုက်
နောက်ကျနေပြီ''

''လာပါပြီ ဂျန်းနီရယ်၊ တစ်ကယ်တည်းနင်ကလည်း
လောနေလိုက်တာ အိပ်ရာတော့စောစောမထ​ဘူး
သွားမယ်သွားမယ်''

ပတ်ချယ်ယောင်းနှင့်ကင်ဂျန်းနီဆိုသည်မှာအထက်
တန်းကတည်းကတစ်ပူးပူးတစ်တွဲတွဲ ဖြစ်ခဲ့သော
ညီမအရင်းသဖွယ်သူငယ်ချင်းများဖြစ်ကြသည်။
ဘွဲ့ရတော့လည်းအတူတူ၊ ကိုယ်စီဘဝတွေကိုဖြတ်သန်းကြတော့လည်း တိုက်ခန်းအတူတူငှားကာ
နေထိုင်ကြသည်။ အခုလည်းအလုက်သွားရန်
ပြင်ဆင်ကြ ပြီး နောက် ရိုစီ ရဲ့ အရစ်ကျဝယ်ထားသောမော်တော်ကားလေး နှင့်အတူ မြို့ထဲသိူ့လာခဲ့ကြသည်။ ဆိုလ်း လိုမြို့ကြီးပြကြီးမှာ ဘွဲ့ရပြီးတာတောင်
အလုပ်တစ်ခုအတည်တကျရဖို့မလွယ်ကူလှသဖြင့်
ဂျန်းနီ စတိုးဆိုင် တစ်ခုတွင် အချိန်ပိုင်းအလုက်
ကိုဝင်ရောက်လုက်ကိုင်နေရသည်။ ရိုစီ ကတော့
ဂျန်းနီထက်အနည်းငယ်ပိုကံကောင်းသည်ဟုဆိုရမည်။ရိုစီ ၏အမဝမ်းကွဲ ထောင်ထားသော စက်ရုံတစ်ခုတွင် စာရင်းကိုင်နေရာကိုရသဖြင့် အနည်းငယ်
ချောင်လည်သည်။

'' ကဲပါဂျန်းနီရယ် နင်နာရီကိုအခေါက်တစ်ရာပြန်
ကြညိ့နေလည်းမှီတော့မှာမဟုတ်ဘူး၊ ကြည့်မနေနဲ့''

'' မြနိမြန်မောင်းပါရိုစီပိုစီရယ်၊ ပြောနေတာကြာတယ်၊
ငါဒီတစ်ခါ လခထဲက အဖြတ်ခံလို့မဖြစ်ဘူး ၊
ငါ့မောင်လေး ကျူရှင်လခသွင်းပေးရအူံးမှာဟ ''

''အေးပါ နင်ကလည်း နောက်ငါးမိနစ်ဆိုရောက်ပါပြီ''

''ကျွီ..........''

ထိုစဥ် ထူးဆန်းသောအသံတစ်ခု
ကိုကြားလိုက်ရပြီးနောက် ကား စက်လည်းထိူးရပ်သွားတော့သည်။

''အာ ကျစ် သွားပါပြီ''

''ဟဲ့ ရိုစီဘာဖြစိတာလည်း နင့်ကား..''

''မသိပါဘူး စက် ကနိူးလို့မရတော့ဘူး''

''ဟိုက်သေစမ်း နောက်ကျနေပါပြီ ဆို ဟာ''

''ခဏနေပါဦး စိတ်အေးအေးထားပါ ငါဆင်းကြည့်
ဦးမယ်. .''

ကားဆိုလျှင်မောင်းရုံသာမောင်းတတ်ပြီး စက်ပိုင်း
ဆိုင်ရာဘာတစ်ခုမှကျွမ်းကျွမ်းကျင်ကျင်မသိသော်
လည်း ကားပေါ်ကနေဆင်းကာ ရိုစီတစ်ယောက်
စက်အဖုံးကိုဖွင့်ကာ ဟိုစမ်းဒီစမ်းဟိုကြည့်ဒီကြည့်
ကြည့်နေသည်။ ပြီးနောက် စက်ကိုပြန်၍နိူးကြည့်
သည်။ မရပေ၊ စိတ် ပျက် အားလျော့လာ
သောဂျန်းနီခင်ဗျာ ကားပေါ်ကနေဆင်းမည်ပြင်သည်။

Unable to forgetWhere stories live. Discover now