Part 3

629 44 7
                                    

ဘယ်မှာကျန်ခဲ့မှန်းမသိတဲ့ပိုက်ဆံအိတ်လေးတစ်ခု
ကြောင့် ဂျန်းနီ သည် အလုပ်မှစောစောဆင်းလိုက်
ရသည်၊ မေမေအမြတ်တနိုးပေးထားတဲ့လက်ဆောင်
မလို့ မပျောက်မပျက်အောင်ထိန်းသိမ်းလာခဲ့တာ
အခုတော့ပျောက်ခြင်းမလှပျောက်ခဲ့ရသဖြင့် စိတ်
ရူပ်ထွေးနေရသည်။ ဒါကြောင့်martကနေအထွက်
လမ်းမတွင်ပိတ်နေသော ဘီယာဘူး ခွံအား ၊
အားသွန်ခွန်စိုက်ခြေထောက်ဖြင့်ပိတ်ကန်လိုက်ရာ
မျက်နှာချင်းဆိုင်တွင်လမ်းလျောက်လာနေသော
မိန်းက​လေး၏ ခေါင်း ကို ကွက်တိ သွားမှန်လေသည်။

'' မင်း ကလေး လား၊ ဘာလို့ခြေထောက်ဆော့ရတာလည်းနာလိုက်တာကွာ''

''ဟိူ တောင်းပန်ပါတယ်ရှင့်. .၊ အရမ်းနာသွားလား
ဟင်''

အနားသို့ပြေးလာကာ လီဆာ့၏မဟာနဖူးကို ကိူင်
မည်ပြုသော ဂျန်းနီ၏ လက်ဖဝါးလေးများအား
ဟန့်တားလိုက်သည်။

'' နေပါဦး ရပါတယ်..''

''ဆောတီးပါ ၊ ကျွန်မက ရှင်နာသွားလားလိူ့''

''နာတော့နာတာပေါ့၊ ရော့ ဒါမင်းပိုက်ဆံအိတ်လား''

အကျီအိတ်ကပ်ထဲက ဝက်ဝံရုပ်ကလေးများနှင့်
ပိုက်ဆံအိတ်အသေး​လေးကိုထုတ်ပြီး ပေးတော့
မျက်စိအဝိူင်းသားနှင့် အံ့ သြနေရှာသောဂျန်းနီ။

''ရော့လေ. .မင်း ပိုက်ဆံအိတ်မဟုတ်ဘူးလား''

''ဟုတ်ပါတယ် လတ်စသတ်တော့မနက်က ရှင့်ကား
ပေါ်မှာ ကျန်ခဲ့တာကိုး ကျေးဇူးတင်ပါတယ်''

ပိုက်ဆံအိတ်ကိုကမ်းပေးလိုက်တော့ အတော်လေးကို
ဝမ်းသာသွားပြီးနှစ်နှစ်ခြိုက်ခြိုက်ပြူံးလိုက်တဲ့ ဂျန်းနီကို လီဆာ ဘာကြောင့်မှန်းရယ်မသိငေးမောကြည့်နေမိသည်။

'' အရေးကြီးတဲ့ပုံပဲ အဲဲဒီပိုက်ဆံအိတ်က၊ အိတ်ထဲကို
စစ်လိုက်ပါဦး''

''အို မစစ်တော့ပါဘူး၊ ခုလိုကျွန်မကို တကူးတက
လာပြန်ပေးတာနဲ့ကိုအရမ်းကျေးဇူးတင်နေပါပြီ
အိတ်ထဲမှာလည်းဘာမှတန်ဖိူးကြီးတာမပါပါဘူး''

Unable to forgetWhere stories live. Discover now