Part 32

527 41 7
                                    

'' ဖေ ဖေ ရေ. .''

''အဟွတ်အဟွတ် သမီး ဂျန်းနီ ရောက်လာပြီလား''

''ဖေဖေ သက်သာရဲ့လားဟင်. .နေမကောင်းဘူး
ဆိုလို့သမီးချက်ချင်းလိုက်လာတာ ဘယ်လိူ
ဖြစ်တာလည်းဖေဖေရယ်''

ရောက်ရောက်ချင်းအထုက်ချကာ အိမ်ထဲသို့အပြေး
အလွားဝင်သွား သော ဂျန်းနီ၊ လက်ကိူင်အိတ်ထဲ
မှာရှိသည့် ဟန်းဖုန်းက အားကုန်နေသည်ကို
လည်းသတိမထားမိပေ။

''လီဆာရော . .သမီး''

''သူအလုက်မအားလို့ မပါလာဘူးဖေဖေ. .''

ဖေ ဖေပြောမှဂျန်းနီ လီဆာ့ကို ဖုန်းဆက်ရန်သတိ
ရမိသည်။

'' ဖေဖေ ဆေးရောသောက်ထားပြီးပြီလား''

''သောက်ပြီးပါပြီသမီးရယ်''

''သမီးနဲ့ဆိုလ်းကိူလိုက်ပြီးဆေးခန်းပြရအောင်နော်''

''နေပါ စေ သမီးရယ် အဲ့ဒီလောက်လည်း
မလိူပါဘူး''

''ဘာကိုမလိုရမှာလည်း.  .ဖေဖေပိန်သွားလိုက်တာ
ကြည့်ပါဦး. .မရဘူးနော် မနက်ဖြန်သမီးနဲ့လိုက်ခဲ့
ရမယ်''

''ကောင်းပါပြီ. . သမီး လီဆာ့ကိုရောက်ကြောင်း
ဖုန်းဆက်လိုက်ဦးလေကွယ်''

''ဟူတ်သားပဲသမီးမေ့နေတာ၊ ''

ဟူ၍ ပိုက်ဆံအိတ်ထဲမှ..ဖုန်းကိုထုတ်ကာ ဆက်
မည်လုက်တော့ ဖုနိး ကဘက်ထရီ ဒေါင်းနေသည်။

'' ဖုန်းကအားကုန်သွားတာပဲ
လီဆာ စိတ်ပူနေတော့မယ်''

ထိုအခါကျမှစိူးရိမ်ပူပန်လာကာ အားသွင်းကြိုးအား
ထုတ်ယူ၍ ကမန်းကတန်း ဘက်ထရီ သွင်းလိုက်
သည်။ စက်ပြန်ပွင့်လာတော့ တွေ့လိုက်ရတာဟာ
လီဆာ့ထံမှ missed callsမြောက်​မြားစွာပင်။

ထို့ကြောင့်လီဆာထံသို့ ​ဖုန်းပြန်ခေါ်ရန် နံပါတ်ကို
နှိပ်လိုက်၏ ၊ သို့သော်တစ်ဖက်မှပြန်လည်ဖြေကြား
ခြင်းမရှိပေ၊ တစ်ဆက်တည်းမှာပင် ညနေစာစားရန်
ချိန်းဆိုထားသည်ကိုသတိရမိသည်၊ ဒီကနေ့ဟာ
သာမန်နေ့မျိုးမဟုတ်ပေ၊ မဂ်လာနှစ်ပတ်လည်
နေ့မဟုတ်ပါလား၊ ဒါကိုဂျန်းနီသိပါသည်၊
သိလို့လည်း အဝါရောင်ကြိုက်တတ်တဲ့လီဆာ့
အတွက် အဝါရောင်ဟူဒီနှင့်အဝါရောင်နာရီလေး
တစ်လုံးကို ဒီကနေ့ညနေတွင်လက်ဆောင်ပေး
ရန်ဝယ်ထားခဲ့သည်။ သို့ပေမယ့် ဖေဖေ နေမကောင်း
ဘူးသတင်းကြားပြီးသည့်နောက်မှာတော့ အရာအား
လူံးကိုမေ့လျော့သွားခဲ့သည်။ ဂျန်းနီ၏ အပြစ်တော့မဟုတ်ပေ၊ မိဘအတွက်သားသမီး အလိမ်မာ
တစ်ယောက်ဖြစ်ခဲ့ ခြင်းသာ ၊ ဒါကိုလီဆာ
ကရောနားလည်ပေးနိုင်ပါ့မလား။

Unable to forgetWhere stories live. Discover now