Part 28

572 44 2
                                    

မနေ့ညက ဂျန်းနီကိုရုပ်ရှင်လိူက်ပြ ဖို့ပျက်ကွက်
ခဲ့သဖြင့် ဒီနေ့ တော့ သေချာပေါက် ရုပ်ရှင်လိုက်ပြ
မည်။

''မပြီးသေးဘူးလား ရူဘီရဲ့. .ဒီမှာပွဲချိန်နောက်ကျ
နေပြီ''

''ပြီးပါပြီ လီဆာရဲ့''

မိန်းကလေးတို့ရဲ့ ထုံးတမ်းအစဥ်လာ အတိုင်း
လွန်ခဲ့တဲ့နှစ်နာရီကတည်းက ပြင်ဆင်နေသောဂျန်းနီ
၏မိတ်ကပ်သည် ပွဲစရန်မိနစ်သူံးဆယ် လိုတော့သည်
အထိမပြီးနိုင်သေးပေ။

''ကဲသွားကြမယ်. .''

မှန်တင်ခုံရှေ့တွင်အလှပြင်နေသောသူမကို ကုတင်ပေါ်၌ထိုင်ကာဖုန်းသူံးရင်းစောင့်နေခဲ့ရာ.  .ပြီး​ပြီ ဟူ၍
အသံကြားမှမော့ကြည့်မိသည်။ လာလီဆာမာနိုဘန်
၏ဇနီးရူဘီဂျိန်းသည် အဖြူ ရောင်ပေါ်တွင်
အနက်စက်ကလေးများပါဝင်သည့် ကြိူးတစ်လုံးဂါ
ဝန်ကိုဝတ်ဆင်ထားသည်။ ခြယ်သထားသောမိတ်ကပ်မှာ မထူမပါးဖြင့်၊ နှုတ်ခမ်းဖူးဖူးတွင်
လည်း ပန်းနုရောင်နှုတ်ခမ်းဆီ ကို ဆင်မြန်း
ထားသေး၏။  မစ်ရူဘီဂျိန်း၏ အလှသည်
မည်သည့်ပုထုစဥ်လူသားမဆို မလွန်ဆန်နိုင်သည့်
အလှမျိူးပင်ဖြစ်သည်။ မေပယ်ရွက်ဝေသည့်ဆောင်း
ဦးအစလိုပင်အေးမြသည်။ ဤသို့လှပလျက်ရှိသော
ဇနီးသည်အား လီဆာ မျက်တောင် မခတ်စတမ်း
ငေးမောလျက်ရှိသည်။

''လီဆာ.  .ဟေး.  .ပြောတာကြားလား၊ ဘာတွေအဲ့လောက်ငေးနေတာလည်း''

ဂျန်းနီ က အော်ပြီးသတိပေးတော့မှ လီဆာသတိပြန်လည်လာသည်။

''ကိုယ့်ဇနီးလေးက လှလို့ကြည့်နေတာလေကွာ. .
ဘာလည်း မကြည့်ရဘူးလား''

'' ဟင့်အင်း မကြည့်နဲ့''

လီဆာ၏ ဇနီး ဟာ ရှက်ရှက်ဖြင့်လီဆာ့ရင်ဘက်ကို
မနာအောင် တစ်ချက်ထုလိုက်၏။

''လီဆာရယ် ကြည့်ပါဦး. . မျက်နှာမှာလည်းဘာမှ
မလိမ်းဘူး နှုတ်ခမ်းနီလေးတော့ဆိူးပါ၊
နေဦး. . ရူဘီဆိူးပေးမယ်''

ဟူ၍  မှန်တင်ခုံပေါ်ရှိနှုတ်ခမ်းနီကို လှည့်ယူမည်
ကြံရွယ် နေစဥ် လီဆာမှလက်ကောက်ဝတ်ကို
ကိုင်ကာဆွဲလှည့်လိုက်ပြီးနောက်..

Unable to forgetWhere stories live. Discover now