Part 7

604 50 8
                                    

'' ကိုယ်တို့ တရားဝင်လမ်းမခွဲရသေးတာ ရူဘီ
သိတယ်မလား''

'' ကျွန်မဘက်ကတော့ လမ်းခွဲခဲ့ ပြီးပြီ၊ တရားဝင်
ဖြစ်ဖို့ တော့ရှင့်ဘက်ကလမ်းခွဲကြောင်းသဘော
တူဖို့ပဲလိုတယ်''

''ကိုယ်သဘောမတူနိုင်ဘူးရူဘီ၊ ကိုယ်မင်းကို
လက်လွှတ်မပေးနိုင်ဘူး၊ မင်း တွေ့ခဲ့တဲ့ပုံတွေ
မင်းကြားခဲ့တဲ့အရာတွေအားလူံးက အထင်လွဲနေတာ
အဲ့ဒီပုံတွေကအမှန်မဟုတ်ဘူး''

''ကျွန်မ မျက်စိနဲ့ မြင်နေရတာတောင် လိမ်ချငိ
နေသေးတာလား လီဆာ''

လီဆာဟာဂျန်းနီရဲ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်
သည်၊ ပြီးနောက်ဂျန်းနီရဲ့လက် ဖဝါးလေးများအား
ဖမ်းယူဆုပ်ကိုင်လိုက်သည်၊ ဂျန်းနီသည် လက်ကိုမရုန်းပဲလီဆာ့ကိုသာစောင်းငဲ့ကြည့်လာသည်။

'' ကိုယ်တစ်ကယ်ပြောနေတာပါကွာ ၊အဲ့ဒီနေ့က
ဂျီဆူးရဲ့မျက်စိထဲကိုအမှုန်ဝင်သွားလို့ ကိုက ကူညီ
ဖယ်ပေးနေတုနိး ဘေးကနေဘယ်သူဓာတ်ပုံရိုက်
သွားသလည်းဆိုတာ မသိလိုက်ဘူး၊ ပုံရဲ့အနေ.အထားကြောင့်နမ်းနေသလိုထင်ရတာပါကွာ''

''အဲ့ဒီတစ်ခုတည်းကြောင့်လို့ရှင်ထင်နေတာလား. .''

ဂျန်းနီသည် လီဆာ့ရဲ့လက်များကိုအကြမ်းပတမ်းဖယ်ချပလိုက်သည်။ မျက်ရည်စများကြောင့်
ဝေ ဝါးလာသောအမြင်အာရုံများကိုမျက်တောင်ဖြင့်
ပုတ်ခတ်ပုတ်ခတ်လုပ်ကာကြည်လင်စေသည်။

'' ရှင်မမှတ်မိတော့ဘူးလားလီဆာ. .''

''ကျွန်မတို့ရဲ့အိမ်ထောင်သက်တမ်း ၆နှစ်ပြည့်တဲ့
နှစ်ပတ်လည်နေ့တုန်းက ကျွန်မရှင့်ကို အေးခဲလုမတတ်နမ်ဆန်တာဝါမှာ တစ်ညလုံးစောင့်နေခဲ့ရတာကိုလေ''

''အဲ့တာ ကိုယ် အစည်းအဝေးရှိလို့ဘူဆန်ရောက်
နေခဲ့တာ. .အချိန်မှီပြန်လာပေမယ့်. .ကိုယ်''

''တော်ပါတော့ ဒီလိုတွေက တစ်ခါနှစ်ခါမှမဟုတ်
တော့တာ. . ကျွန်မရှင့်ကြောင့်နာကျင်ခံစားခဲ့ရတာ
တွေက သိပ်ကိုများနေပြီ၊ အမျိုးမျိူးသောဆင်ခြေ
တွေကိုလည်းနားထောင်ခဲ့ ပြီးပြီ၊ ကျွန်မနေမကောင်း
နေတဲ့အချိန်မျိူးမှာတောင် ရှင်အလုပ်ကိုပဲဦးစားပေးနေခဲ့တာ ၊ ရှင့်အတွက်ကျွနိမက ဘယ်လိုဖြစ်တည်မူ
မျိုးလည်းဆိုတာကောင်းကောင်းသဘောပေါက်ပြီး
ပြီမလို့ ၊ ကျွန်မတို့ရပ်​လိုက်ကြရအောင်''

Unable to forgetWhere stories live. Discover now