Part 11

601 38 3
                                    

'' အပြင်မှာလေ​အေးတွေတိုက် ကတိုက်နဲ့ကို. .''

'' လေကောင်းလေသန့်ရူချင်လို့ပါ
ဂျန်းနီရဲ့ နော်. .''

လူနာ ဖြစ်သူလီဆာက ဆေးရုံအခန်းထဲမှာပဲနေရတာ
ကြာလာတော့ မွန်းကြပ်သဖြင့် လေကောင်း
လေသန့်ရူ ရန်ဂျန်းနီအားပူဆာလေသည်။

'' ဒါဆိုလည်းခဏနေဦး အပေါ်ထပ်အရင်ထပ်
ဝတ်ရအောင်''.  .

ဟုဆိုကာ လီဆာ့အတွက်အိမ်မှယူလာသော အနွေး
ထည်ကုတ် တစ်ထည် အား ကိုယ်တိုင်ဝတ်ပေးလိုက်
သည်။

''ကဲ သွားရအောင်. .''

ဆေးရုံကူတင်ပေါ်မှာ ပဲ လှဲနေရတာကြာလှပြီ
ဖြစ်သောကြောင့် လီဆာ့ရဲ့ခြေထောက်များက
ပုံမှန်လို လမ်းကောင်းကောင်းမလျောက်နိူင်ပေ။
ထိူ့ကြောင့် ဝှီးချဲ ကိုပဲအသူံးပြုရသည်။ ဝှီးချဲကို
တွန်းကာ ဂျန်းနီ ဆေးရုံရှေ့သို့ ထွက်လိုက်သည်။

'' နေရောင် မစူးဘူးလားလီဆာ''

''ရပါတယ်. . နေရောင်ခြည်ကိုထိတွေ့ရတာသိပ်ကို
ကောင်းတာပဲ''

'' ဟိူးရှေ့နားသွားကြမယ်နော်. .''

ဝှီးချဲလေးကိုဖြေးဖြေးတွန်း၍ ဆေးရုံရှေ့ရှိသစ်ပင်
ကြီးအောက်သို့ လာခဲ့ကြသည်။

'' ဝါး.  .လေထုက လတ်ဆတ်လိုက်တာ''

'' ဟုတ်ပါရဲ့. . ဒီနေ့ရာသီဥတုက အရမ်းသာ
ယာတယ်''

'' ဂျနိးနီ. . ကျွန်မ က ဘယ်လိုလူမျိုးလည်းဟင်''

'''အင်း လီဆာ ကလား. . သိပ်ကို ကြင်နာနွေး
ထွေးတဲ့လူမျိုးပေါ့. .''

''အတိတ်ကိုမမှတ်မိတာသိပ်ရင်နာစရာကောင်းတာပဲ
ကျွန်မကိုကျွန်မ ဘယ်သူမှန်းတောင်မသိဘူး. .
ရုတ်တရက်ကြီးနိူးလာတော့ ဆေးရုံပေါ်ရောက်နေတယ်.  .မိဘတွေမရှိ​တော့ဘူးဆိုတာပထမဆူံး
သိလိုက်ရတယ်. .မိတ်ဆွေတွေကိုလည်းမမှတ်မိ
ဘူး. .''

''ဘာမှမဖြစ်ပါဘူး.  .လီဆာရဲ့.  .တစ်ဖြေးဖြေး
မှတ်မိလာမှာပါလို့ဆရာဝန်ကပြောတယ်လေ. .
ပြီးတော့လီဆာ့ဘေးမှာ ကျွန်မတို့ရှိနေတာပဲ. .''

ထိုသို့ပြောတော့ ဝှီးချဲပေါ်တွင်ထိုင်နေရင်းက . .
ဂျန်းနီကို မော့ကြည့်လာသည့် လီဆာ့ကို ဂျန်းနီ
ပြန်ကြည့်လိုက်သည်။အကြည့်ချင်းဆုံသွားတဲ့တစ်ခဏရင်ဘက်ထဲမှာ နွေးထွေးသွားသလို
ခံစားလိုက်ရသည်။ နှစ်ဦးသား ဘာကြောင့်ရယ်
မသိအကြည့်တွေကိုချကိချင်းလွှဲလိုက်မိကြသည်။
သေချာတာကတော့ ရှက်နေမိခြင်းပင်ဖြစ်လိမ့်မည်။

Unable to forgetWhere stories live. Discover now