Part 4

667 39 0
                                    

မျှော်မှန်းထားတဲ့အတိုင်းပါပဲ ရူဘီဟာ ရိုစီရဲ့တိုက်ခန်း
ကိုရောက်နေခဲ့သည်။ တိုက်ရှေ့တွင်ရူဘီ့ကိုမြင်
လိုက်သဖြင့် လီဆာဝမ်းသာအားရ ကားပေါ်ကနေ
ဆင်းလျောက်လာခဲ့သည်။ အနီးကပ်​မြင်လိုက်ရတဲ့
အခါမှာတော့ ရူဘီ ဟာတစ်ယောက်တည်းမဟုတ်ပါ၊
ဘေးတွင်ယောက်ကျားတစ်ယောက်ရှိနေသည်။
အဲ့ဒီယောက်ကျား က လာလီဆာ့ရဲ့ဇနီးဖြစ်သူ
ကင်ဂျန်းနီရူဘီဂျိန်းရဲ့ ပုခုံးကို ဖက်လိုက်သည့်မြင်ကွင်း ၊ ဒီမြင်ကွင်းကြောင့်လီဆာ့ရဲ့ခြေလှမ်းတိူ့သည်လည်းယိမ်းယိုင် သွားတော့သည်။ အသက်ရူ
တွေတောင်မဝတော့သလို၊ ရုတ်တရက်ဘယ်ဘက်ရင်
အုံမှာရှိတဲ့နှလုံးသားဟာလည်းအောင့်တက်လာသည်။
သို့ပေမယ့်ခြေလှမ်းကျဲတို့ဖြင့် ထိုသူနှစ်ဦး၏အနား
သို့လျောက်သွားကာ ထို ယောက်ကျား၏ အကျီစ
ကိုဆွဲကိုင်ပြီးနောက်. .

''ခွပ်''

ထိုယောက်ကျားဟာလည်းမြေပြင်ပေါ်သို့လဲကျသွား
ခဲ့သည်။

''လီဆာ. .''

''ရှင် ဒါဘာလုက်တာလည်း. .''

လီဆာတစ်ယောက်လူံးကိုတောင် ဂရုစိုက်ခြင်းမရှိပဲ
ထိုယောက်ကျားအနားသို့ပြေးသွားကာဆွဲထူနေသော
လီဆာ့ရဲ့ဇနီးသည်အား မယုံနိုင်အောင်ဖြစ်ရသည်။

'' မင်း နဲ့သူကဘာတွေလည်း ရူဘီ''

ပြန်မဖြေပဲဟိုကောင့်ကို သာဆွဲထူလျက်ရှိသော
ဇနီးဖြစ်သူကို ပို၍ ဒေါကန်လာသဖြင့် အား သုံး၍
ဆွဲ ကာ မျက်နှာချင်းဆိုင်လိုက်သည်။

''ငါမေးနေတယ်လေ ဖြေစမ်း ''

'' ဟိူ ဒီမှာ လီဆာရှီး ကျွန်တော်ပြောတာကိုနားထောင်
ပေးပါဦး''

'' ရှင့်ပါးစပ်ကိုပိတ်ထားမင်ဟို၊ ကျွန်မ ရှင့်ကိုမမေးဘူး''

မေးခံရတဲ့ကာယကံရှင်ကမဖြေပဲ ကြားထဲကနေ
ဝင်ဖြေကြားနေသော မင်ဟိုဆိုသည့်ဇနီးသည်၏
သူငယ်ချင်းဖြစ်သူကို လီဆာဟောက်လိုက်သည်။

''ပြောလေ ရူဘီ၊ ငါ့ကိုကျ​တော့စာတစ်စောင်နဲ့
ထားခဲ့ပြီးတော့ ခု မင်းက ဒီကောင်နဲ့ဒီအခြေ
အနေတောင်ရောက်နေပြီလား''

Unable to forgetWhere stories live. Discover now