Part 31

527 38 2
                                    

'' အလုပ်ကအရမ်းပင်ပန်းလား ရူဘီ ''

ကြ က်ပေါင်းစားနေရင်းက လီဆာမေးလိူက်သည်။

'' သိပ်မပင်ပန်းပါဘူး လီဆာရဲ့. .ဒီနေ့ရူဘီ
အရမ်းရောင်းအားကောင်းတယ် သိလား ''

တမင်ရောင်းအားကောင်းစေရန် လီဆာကြိုးပမ်း
ခဲ့သည်ကိုတော့ ဂျနိးနီတစ်ယောက်မသိရှာပေ။

''ဟုတ်လား  . .အဆင်ပြေတာပေါ့ ရူဘီရဲ့. .
ကိုယ်က လေရူဘီပင်ပန်းမှာကိုစိူးရိမ်နေတာ. .''

'' မစိူးရိမ်ပါနဲ့. . ဒီလောက်ကတော့အေးဆေးပါ''

''ကောင်းပါပြီဗျာ များများစား''

ဟုဆိုကာ လီဆာ့ပန်းကန်ထဲမှာရှိနေသည့် ကြက်
ပေါင်ကို ဂျန်းနီပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။

'' ဟင် ရူဘီ့မှာလည်းရှိပါတယ်. . လီဆာပဲစား''

​ကြက်ပေါင်အားလီဆာ့ပန်းကန်ထဲသို့ ပြန်လည်
ထည့်ပေးလိုက်သည်။

''ကိုယ်ကဗိုက်ပြည့်နေပြီ ရူဘီစားနော်. .''

ကြ က်ပေါင်သည်ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်နှင့်ပင်။

'' ကဲ. .အဲ့တာဆိုရူဘီပဲစားလိုက်တော့မယ်''

ဟုဆိုကာ ထိုကြ က်ပေါင်ကိုလက်ဖြင့် အားရပါးရ
ကိုင်ပြီးဆွဲလိုက်တော့၏။ စားသောက်ပြီးကြတဲ့
အခါ.. ညတာကိုအတူတူကုန်ဆူံးရန်အတွက်
အကောင်းဆုံးအလုပ်ကတော့ တီဗီအတူတူကြည့်
ခြင်းပင်။ အခူလိုမျိူးဇနီးမောင်နှံ နှစ်ယောက်
ကြည်နူးစရာအချိန်လေးတွေ မဖြတ်သန်းရသည်မှာ
အချိန်တော်တော်ကြာပြီဖြစ်သည်။
ဆိုဖာပေါ်တွင်ထိုင်ကာ.. လီဆာ့၏ ရင်ခွင်ထဲတွင်တော့ ဂျန်းနီရှိနေသည်။

'' ဟင်း ကာတွန်းကားကြီးကြည့်နေရတာပျင်းလာပြီကွာ''

ရင်ခွင်ထဲရှိ လာလီဆာ့၏ ချစ်ဇနီးက​ပြောလိုက်သည်။ လီဆာ ကတော့ကာတွန်း ကိုစိတ်ပါဝင်စား
စွာကြည့် နေသော်ငြားလည်း ဂျနိးနီကတော့ ပျင်း
လာသဖြင့် သမ်းဝေနေသည်။

''ဝှား. .''

''ရူဘီကလည်း ကြည့်လို့ကောင်းတဲ့ဟာကို.  .
မကြိုက်ဘူးလား''

Unable to forgetWhere stories live. Discover now