Part 15

534 44 3
                                    

'' တွေ့ရတာဝမ်းသာပါတယ်နော် လာလီဆာရှီး''

''မဂ်လာပါ ၊ ဟို. . ဒီက. .''

''လီဆာ့ကို ဆူးမိတ်ဆက်ပေးရဦးမယ်
ဒါက ခုလတ်တစ်လော companyမှာလီဆာ့
နေရာ တာဝန်ယူပေးနေတဲ့ မစ်စတာဂျွန်လေ''

''အော်. .''

လီဆာ ဟာ companyကောင်းကောင်းတစ်ခုမှာ
အရာရှိတစ်​ယောက်အနေဖြင့်အလုက်လုက်ကြောင်း
ကိုဂျနိးနီ​ပြောပြ ပြီးပြီဖြစ်သည်။
အိမ်သို့ သာကြောင်းမာကြောင်းလာမေးသော
ဧည့်သည်များကို ဧည့်ခံရန်ဂျန်းနီကတော့မီးဖို
ခန်းထဲတွင် ကော်ဖီ ကိုယ်တိုင်ဖျော်လျက်ရှိသည်။

'' ထိုင်ပါ. . အစ်မဆူးနဲ့မစ်စတာဂျွန်''

''ဟုတ်ကဲ့''

''အားတော့နာပေမယ့်ကျွန်မက အခု မှတ်ညဏ်တွေ
ပျောက်ဆုံးနေတာဖြစ်လို့တစ်ချို့အရာတွေကို
မသိတာ နားလည်ပေးပါနောိ''

''ရပါတယ် မစ်လီဆာရဲ့. .၊ ကျွန်တော်ကဒီတိုင်း
မစ်လီဆာရဲ့ဂုဏ်သတင်းတွေကိုCEOကတစ်ဆင့်
ကြားသိထားရလိူ့ အရင်ကတည်းက တွေ့ချင်နေခဲ့တာ
ခုလိုတွေ့ရတော့လည်းမစ်စ်ကတစ်ကယ်ကိုကျက်သရေရှိတဲ့အမျိူးသမီးပဲ''

''ဟတ်ဟတ် မြှောက်လွန်းနေပါပြီ''

'' တစ်ကယ်ပြော တာပါ''

'' companyမှာက လီဆာကသိပ်ကိူအရေးပါတာလေ၊ ဒါကြောင့်မလို့ ခုလို လူတစ်ကာကတွေ့ဖူး
ချင်ကြတာမဆန်းပါဘူး''

ဆူးကပြောလိုက်တော့လီဆာ မနေတတ်ဖြစ်သွားရ
သည်။ ဘာကိုမှမမှတ်မိပေမယ့် အခုလိုဂျီဆူးက
မြှောက်ပင့်ပြောဆိုနေပြနိတော့လည်းနေရခက်လာသည်။

''အဲ့ဒီလောက်လည်းမဟုတ်ပါဘူးမမဆူးရယ်၊ ခုက
လီဆာ အလုက်အကြောင်းတွေလည်းမမှတ်မိ
တော့ပါဘူး''

''မလောပါနဲ့လီဆာရယ်၊ ဆူးက တစ်ဖြေးဖြေး
မှတ်မိလာအောင်ကူညီပေးပါ့မယ်''

ဧည့်ခန်းထဲတွင်သူံး​ယောက်သားစကားထိုင်ပြော
နေကြစဥ် မီးဖိုခန်းထဲမှဂျနိးနီ ထွက်လာသည်။
လက်ထဲတွင်လည်းကော်ဖီခွက်များတင်ထားသည့်
လင်ဗနိးတစ်ဗန်းကိုကိုင်ဆောင်ထားသည်။

Unable to forgetWhere stories live. Discover now