အပိုင်း ( ၃၄ )

3.2K 90 4
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 34
~~~~~~~
" ဦးဦး "

" ပြောလေ ချယ်လေး "

" မီးမီး ရန်ကုန်ကိုလာချင်တယ် တီလေးနဲ့လည်းတွေ့ချင်တယ် "

" ရန်ကုန်ကပူတယ်ချယ်လေးရဲ့ ချယ်လေးနေနိုင်မှာမဟုတ်ဘူးနော် "

" ရအောင်နေမှာပေါ့ ဦးဦးကလည်း မေမေနဲ့ဖေဖေကလည်း ဦးဦးကခွင့်ပြုရင်သွားနေတဲ့ "

ခွန်းလည်း တစ်ချက်တွေးလိုက်တော့ အကြံကောင်းရလာတာနဲ့

" အင်း ဒါဆို ချယ်လေးလာခဲ့လေ "

" ဦးဦးတကယ်နော် နောက်မှစိတ်မပြောင်းရဘူးနော် promise "

" ဟုတ်ပါပြီ ဦးဦးကတိပေးတယ် promise နော်"

" ရေး...... "

ချယ်လေးကတော့ပျော်သွားလို့ထင်ပါရဲ့ ချက်ချင်းလက်ငင်းကို သူ့အဖေဆီဖုန်းသွားပေးလေသည်

" ခွန်း ချယ်လေးကိုလာလည်ခိုင်းတယ်ဆို "

" ချယ်လေးကလာချင်နေတာလေ အကိုရဲ့
ပြီးတော့ချယ်လေးလည်း ရန်ကုန်ကိုတစ်ခါမှမရောက်ဖူးသေးဘူးမလား "

" လာလည်တာက ပြသနာမရှိပေမယ့် အကိုတို့က ရန်ကုန်မှာချယ်လေးနဲ့နေပေးနိုင်မှာမဟုတ်ဘူး မေမေနဲ့ဖေဖေကလည်း ဒီရာသီကလက်ဖက်ရာသီဆိုတော့ လာလို့ရမှာမဟုတ်ဘူး ခွန်း 
မင်းတစ်ယောက်ပဲ ချယ်လေးကိုထိန်းရမှာ "

" အာ ရပါတယ်အကိုဗျ ချယ်လေးက နေတတ်ထိုင်တတ်ပါတယ် ပြီးတော့ဒီမှာလည်း သူ့တီလေးရှိနေတာပဲ "

" မင်းတို့ ၂ယောက် အဆင်ပြေသွားကြပြီလား "

" မပြေသေးဘူး အကို
ဒါကြောင့် ချယ်လေးကိုခေါ်လိုက်တာ "

" အော် အော် စဝ်ခွန်မှိုင်းခ လက်စသတ်တော့ မင်းကငါ့သမီးကို အောင်သွယ်တော်လုပ်ခိုင်းမလို့ပဲ ရေငတ်တုန်းရေတွင်းထဲကျသလိုပဲ မင်းအဖြစ်က "

" ဒါကတော့ ကံတရားက ကျွန်တော့်ကိုမျက်နှာသာပေးတာလေဗျာ "

" မင်းနဲ့ ရန်ကုန်ရောက်မှတွေ့မယ် "

" အဟား ဟုတ်ပါပြီဗျ
အကိုတို့ ဘယ်နေ့လာကြမလဲ "

" မနက်ဖြန် မနက်ပိုင်းပဲ စထွက်လာမယ် ခွန်း
သမီးက အခုကတည်းကအဝတ်အစားတွေပြင်နေပြီဆိုတော့ မနက်ဖြန်မှသူ့ကိုလိုက်မပို့ရင် ကောက်နေလိမ့်မယ် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now