အပိုင်း ( ၃၂ )

3.2K 93 6
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 32
~~~~~~~
" မမကို ကျေးဇူးတင်ပါတယ် "

" မလိုပါဘူး မင်းကလိုအပ်နေတဲ့အတွက် တို့ကကူညီပေးတာပါ "

" ရန်ကုန်ပြန်ရောက်ရင် မမကိုထမင်းဖိတ်ကျွေးမယ်နော် "

" ဟုတ်ပါပြီ ဟုတ်ပါပြီ အခုအနားယူလိုက်ဦး
ဗိုက်ရောဆာနေလား "

" ဟုတ် နည်းနည်း "

" အဟင်း တို့ထင်ပါတယ် ခဏနေရင် မင်းအခန်းထဲလာပို့ပေးခိုင်းလိုက်မယ် "

" ဟုတ် "

မျက်ဝန်းလည်း ထွက်သွားပြီဖြစ်သော
အမနန်းသွေးချယ်ကို ကျေးဇူးတင်နေမိသည်

ကိုကို့အကြောင်းတွေးမိပြန်တော့ စိတ်နာလှသည်
ဟိုတစ်ခါဖုန်းဆက်တုန်းက စကားပြောခဲ့တဲ့မိန်းကလေးနဲ့ မဟုတ်လောက်ပါဘူးလေဆိုပြီးထင်ခဲ့မိသမျှ အခုတော့အလကားပဲ

တောင်ပေါ်သားတွေ ကောင်းတယ်သာ​ပြောကြတာ တကယ့်တကယ်ဘာမှမကောင်းဘူး

ဘယ်လောက်ပဲချစ်ချစ် ဖောက်ပြန်တာကိုတော့ ရွံလှသည်

ပြန်တွေးမိရာကနေ မျက်ရည်ကထပ်ကျလာတာမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရေချိုးဖို့ဆုံးဖြတ်လိုက်သည်

အေးချမ်းလှတဲ့ရှမ်းပြည်ကြီးက သူမရဲ့စိတ်ကိုတော့ အေးချမ်းမှုမပေးနိုင်တော့ပေ

ကိုကိုက သူမရဲ့အချစ်ဦးမို့ အသည်းပေါက်မထွက် သိပ်ချစ်ရသည်

ကိုကို့ကိုယုံခဲ့ပေမယ့် သူမရှေ့မှာ သူမရဲ့ကိုကိုကို နမ်းနေတာကြီးကတော့....

" ဟူး....တော်ပြီ တော်ပြီ ညှို့မျက်ဝန်းမေ နင်ဘာမှမတွေးနဲ့တော့ "

မျက်ဝန်းလည်း မှန်ထဲမှာ ကိုယ့်ပုံစံကိုကြည့်လိုက်တော့ အသည်းကွဲနေတဲ့မိန်းမပျိုလေးပုံစံပင်

" ကောင်မလေး မင်းရေချိုးခန်းထဲမှာကြာနေပြီနော် "

အမနန်းသွေးချယ်အသံကြားမှ မျက်ဝန်းလည်းတွေးနေတာကိုရပ်လိုက်ပြီး ခပ်သွက်သွက်လေးရေချိုးပြီး အပြင်ကိုထွက်လာလိုက်သည်

သွေးကတော့ ရေချိုးခန်းထဲကနေထွက်လာတဲ့ပုံစံလေးကြောင့် နှာခေါင်းသွေးပင်လျှံချင်လာရသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now