အပိုင်း ( ၁၈ )

3.8K 105 2
                                    

မြေပြန့်သူလေး
-------------------
Part - 18
-------------
" ရုံးပိတ်ရက်လေးမှာ ပျော်ပျော်နေစမ်းပါဟယ် မှိုင်တွေနေတာပဲ "

" အေးလေ မျက်ပြူးမ
နင်က နင်မဟုတ်သလိုပဲ "

သူတို့ ၅ယောက်လည်း စုစုအခန်းထဲမှာ စကားပြောနေကြပြီး မုန့်စားနေကြသည်

" ဟွန်း.....ငါကဟာ သီတင်းကျွတ်လပြည့်နေ့ ငါ့ကောင်လေးနဲ့ ဘုရားသွားချင်တာကို "

" မျက်ဝန်းရယ် သူလည်း အကြောင်းရှိလို့ ခဏပြန်သွားတာပဲကို ပြန်လာမှသာ နေ့တိုင်းဘုရားကိုသွား "

" နင်တို့ကလည်း ငါ့ဘက်မှာကိုမရှိကြဘူး "

" ဟ နင်ကမှားနေတာလေ "

ကောင်းမြတ်သူအပြောကြောင့် မျက်ဝန်းလည်း မျက်စောင်းထိုးလိုက်သည်

ထိုအချိန် စုစုက ဝလ္လာ့ဆီကို မျက်စပစ်ပြတာမို့ အာကာရယ် သူမရယ် ကောင်းမြတ်သူရယ် ဝလ္လာ့ကိုကြည့်လိုက်တော့ ဖုန်းကြီးကြည့်ပြီးပြုံးနေတာမို့ အထူးအဆန်းဖြစ်သွားရသည်

" အဟမ်း ဝလ္လာမင်းမောင် ဖုန်းထဲဘာတွေများစိတ်ဝင်စားစရာရှိလို့လဲ "

ဝလ္လာလည်း ထိုအခါမှ ဖုန်းကိုပိတ်လိုက်ပြီး ဟိုလူတွေဘက်ကိုလှည့်လိုက်သည်

" ဟဲ့ နင်ကောင်မလေးရနေတာလား "

" မ.. မဟုတ်ပါဘူး စုစုရ "

" ကျိန်းသေပြီ ​ဒီကောင် ကောင်မလေးရနေပြီဆိုတာ "

နှစ် ၂၀ကြာ ပေါင်းလာတဲ့သူငယ်ချင်းမို့ မျက်နှာကိုကြည့်တာနဲ့ သိပ်ကိုပေါ်လွင်နေသည်

" ဘယ်သူလဲ "

" ငါတို့အသိထဲကပဲလား "

" အသက်ကြီးလား ရွယ်တူလား အသက်ငယ်လား "

" ဘယ်ကလဲ "

တစ်ယောက်ချင်းကို မေးခွန်းတစ်ခုစီမေးလာတဲ့ သူငယ်ချင်းတွေကြောင့် ဝလ္လာ့မှာဖြေရခက်နေသည်

အဓိက က မျက်ဝန်းရှိနေလို့

" မင်းတို့ကလည်းကွာ ငါ သူနဲ့တွဲတာ ၃လ ပြည့်ရင်မိတ်ဆက်ပေးမယ် အခုကတော့ secret ပဲထားဦးမယ် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now